တကယ့်ငှက်အစစ်အတိုင်းပဲမို့ အလွယ်တကူသတိမထားမိနိုင်ပါဘူး။

ဒီလိုနည်းပညာတွေတိုးတက်ထွန်းကားလာတဲ့ခေတ်ကြီးမှာ အမျိုးစုံဖြစ်နေတတ်တဲ့ရာဇဝတ်မှုတွေပပျောက်ရေးအတွက်ကိုတော့ နိုင်ငံတိုင်းကကြိုးစားနေကြရတုန်းပါပဲ။ရာဇဝတ်မှုကင်းစင်နယ်မြေဆိုတာကတော့မရှိသလောက်နည်းပါးနေဆဲပဲမဟုတ်လား။လူဦးရေအထူထပ်ဆုံးနိုင်ငံတွေထဲမှာထိပ်ဆုံးကရပ်တည်နေတဲ့တရုတ်ကတော့သူတို့ရဲ့ရာဇဝတ်မှုပပျောက်ရေးနဲ့အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေးကြိုးစားလုပ်ဆောင်မှုကိုနည်းပညာအကူအညီနဲ့တစ်ဆင့်မြှင့်လိုက်ပြီလို့ဆိုရမှာပါ။ အဲ့ဒါကတော့ငှက်နဲ့အလားသဏ္ဍာန်တူညီတဲ့ Bird Drones တွေတီထွင်အသုံးပြုနေခြင်းပါပဲ။ 

စစ်တမ်းကောက်ယူချက်တွေအရအခုဆိုရင် စစ်တပ်နဲ့အစိုးအရအဖွဲ့အစည်းပေါင်း 30 လောက်က Bird Drones တွေကိုကောင်းကင်ယံမှာလွှတ်တင်ထားပြီးဖြစ်ကြောင်းနဲ့ အဲဒီလိုလွှတ်တင်မှု project ကို Doveလို့ခေါ်တွင်ကြောင်း အနည်းဆုံးတော့ အဓိကပြည်နယ်ကြီးငါးခုလောက်မှာ ပြီးခဲ့တဲ့နှစ်တွေကတည်းကလွှတ်တင်ထားတာဖြစ်ကြောင်းသိရပါတယ်။အင်မတန်လျို့ဝှက်တဲ့ တရုတ်အစိုးရပါပဲ။ဒီ Dronesတွေဟာဆိုရင် ငှက်တွေနဲ့အလွန်တူတာကြောင့်တစ်ခါတစ်ရံမှာ ငှက်အစစ်တွေကပါ အဲဒီ Dronesတွေနဲ့အုပ်စုဖွဲ့ပျံသန်းနေတာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။အဲဒါကတည်းတစ်နည်းတော့ကောင်းတာပါပဲ။ငှက်အုပ်ထဲမှာပျောက်နေတော့ မသမာသူတွေက ဘယ်ဟာက Drones မှန်းမသိနိုင်တော့ဘူးပေါ့။ 

နောက်တစ်ခုက BirdDrones တွေဟာ တော်တော်လေးတိတ်ဆိတ်ငြိမ်သက်စွာပျံသန်းနိုင်ပါတယ်။အသံဗလံတစ်စုံတစ်ခုကြားရင်တောင် လန့်ပြေးတတ်တဲ့ သိုးအုပ်လိုအကောင်တွေပေါ်ကနေ BirdDrones ကိုဖြတ်ပျံစေတာတောင် ဘာသံမှမထွက်တဲ့အတွက် ဒီလိုနားပါးပြီးအင်မတန် sensitiveဖြစ်တဲ့ သတ္တဝါတွေတောင်သတိမထားမိတာ လူတွေအနေနဲ့သတိထားမိဖို့ကတော့ ခက်ခဲမှာပါပဲ။ ဒါ့အပြင်Bird Drones တွေရဲ့ထူးခြားတဲ့စွမ်းရည်ကတော့ လူတွေဖန်တီးထားတဲ့ radar တွေမှာမပေါ်အောင်ရှောင်တိမ်းနိုင်တယ်ဆိုတာပါပဲ။ ဒီလို Bird Drones တွေကိုအစိုးရကရာဇဝတ်မှုတွေပပျောက်ရေးအတွက်သုံးနေလို့သာပေါ့၊မသမာသူတွေလက်ထဲသာရောက်သွားရင်မြင်းကိုအတောင်ပံတပ်ပေးလိုက်သလိုဖြစ်သွားမှာအမှန်ပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations