Tay Tay ရဲ့ အချစ်ကြီးမားမှုကတကယ့်ကို အံ့မခန်းပါပဲ။ မောင်ခေါ်ရာလိုက်တော့မယ့် မမ။

Swiftiesတွေအသည်းစွဲချစ်မြတ်နိုးကြတဲ့ Taylor Swift ဆိုသာ အသံကောင်းရုံ၊ရုပ်ချောရုံအရည်အချင်းရှိရုံသာရှိတဲ့ခပ်ပေါ့ပေါ့အဆိုတော်တစ်ဦးတော့မဟုတ်ပါဘူး။တော်တန်ရုံလူတွေမျက်လုံးမျက်ဆန်ပြူးသွားစေမယ့်အံ့မခန်းပိုင်ဆိုင်မှုတွေနဲ့ သန်းကြွယ်သူဌေးမလေးတစ်ဦးလည်းဖြစ်ပါသေးတယ်။ Tay Tayလေးဟာ သူမချစ်သူ British သရုပ်ဆောင်မင်းသား Joe Alwyn နဲ့တစ်နိုင်ငံထဲနီးကပ်စွာနေနိုင်ဖို့ UK ကိုပြောင်းနေဖို့တွေးတောပြင်ဆင်ထားပြီးဖြစ်သလို သူမဝယ်ထားတဲ့အိမ်ယာတွေကိုတစ်ခုပြီးတစ်ခုထုတ်ရောင်းလျက်ရှိပါတယ်။ခုလည်း Beverly Hills က သူမစိတ်ကြိုက်ပြင်ဆင်ထားတဲ့ Bungalow အိမ်နဲ့ခြံကြီးကိုရောင်းတော့မယ်လို့ကြေငြာထားပါတယ်။

Bungalow ကြီးကတကယ့်ကိုနတ်ဘုံနတ်နန်းကြီးတမျှပါပဲ။ Bungalow က 2950 စတုရန်းပေကျယ်ဝန်းပြီးအခန်းအကျယ်ကြီးလေးခန်းပါဝင်တဲ့အပြင် အလွန်ကျယ်ဝန်းတဲ့ ဧရာမဧည့်ခန်းကြီးတစ်ခုလည်းပါဝင်ပါသေးတယ်။ ဒါ့အပြင် ပြာလွင်ကြည်လဲ့နေတဲ့အလျားလိုက်ရေကူးကန်အရှည်ကြီးတစ်ခုလည်းပါဝင်သေးတဲ့အပြင်ရေကူးကန်ရဲ့အလျားရှည်မှုနဲ့တည်နေရာကြောင့်ရေကူးကန်ကိုအိမ်ရဲ့ကြိုက်တဲ့အခန်းကနေရေဆင်းကူးနိုင်တဲ့အနေအထားပါ။အိမ်ရဲ့လုံခြုံရေးအတွက် လုံခြံရေး CCTV cameraဆယ့်တစ်ခုတိတိတပ်ဆင်ထားကြောင်းလည်းသိရပါတယ်။အဲဒီအိမ်ကြီးရဲ့အုတ်တံတိုင်းကိုကျော်ခွတက်ဖို့ကြိုးစားမှုနဲ့ပြီးခဲ့တဲ့လကပဲ လူနှစ်ဦးအဖမ်းခံလိုက်ရပါသေးတယ်။

Tay Tay က မကြာသေးမီကပဲဒေါ်လာ လေးသန်းတန်အိမ်နဲ့ခြံကြီးကိုရောင်းချလိုက်ပြီးဖြစ်တာကြောင့်အခုလိုအိမ်တွေခြံတွေအကုန်ထုတ်ရောင်းပြီိးတောင်ချစ်သူရှိရာနိုင်ငံကိုပြောင်းရွှေ့အခြေချဖို့ပြင်ဆင်နေတဲ့ Taylor Swift ရဲ့အချစ်ကြီးမားမှုဟာတော့ သူမရဲ့ပရိသတ်တွေကိုမျက်လုံးပြူးစေခဲ့ပါတယ်။ ဒီလိုတောင်အကုန်ရောင်းချပြောင်းရွှေ့ပြီိးချစ်သူနောက်လိုက်မယ်ဆိုတော့ Taylor နဲ့ Joe Alwynတို့ကြားကအချစ်ကြိုးတွေက ခိုင်မာစွာရစ်ပတ်နှောင်တွယ်ထားပြီးဖြစ်တာသေချာနေပြီလို့ဆိုရမှာပါ။ကံကောင်းရင် မကြာမီမှာမင်္ဂလာသတင်းတောင်ကြားရနိုင်ချေရှိတယ်လို့ပရိသတ်တော်တော်များများကခန့်မှန်းနေကြလေရဲ့။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations