အား….ဒီလိုချစ်သူမျိုးရထားတာ အလွန်ကံကောင်းလွန်းပါတယ်။

ချစ်သူရည်းစားဆိုတာလည်း တကယ့်ကိုကံကြမ္မာနဲ့သက်ဆိုင်သောပါပဲ။ချစ်သူအရွေးမတော်လို့ ဓားနဲ့အထိုးခံရပြီးအသက်ဆုံးရသူတွေရှိသလို ချစ်သူရကံကောင်းသူလေးတွေကျပြန်တော့အရှင်လတ်လတ်ကိုနိဗ္ဗာန်ဘုံရောက်တယ်ဆိုသလိုပဲ.. လူတွေက တကယ်တမ်းမှာ ကိုယ်နဲ့တန်တယ်ထင်တဲ့လူကိုပဲချစ်ကြတာဖြစ်သလိုကိုယ်နဲ့တန်တဲ့လူတွေနဲ့ပဲအဆုံးသတ်ရတာပါပဲ။ Shanika Silverio ဆိုသူမိန်းကလေးကတော့ဒီလိုချစ်သူမျိုးရအောင်ဘယ်ဘဝထဲက ကုသိုလ်ကောင်းမှုတွေပြုလာသလဲလို့တောင်မေးရမလိုပါပဲ။

ဖြစ်ပုံကဒီလိုပါ။ Shanika ဟာ သူငယ်ချင်းတွေနဲ့ ညဘက်သောက်စားပျော်ရွှင်ပြီိးပြန်လာတဲ့အခါ ဘာမှတောင်မလုပ်နိုင်ပဲတန်းပြီးအိပ်ပျော်သွားခဲ့ပါတယ်။အဲဒီိမှာ သူမနားမှာရှိနေတဲ့သူမရဲ့ချစ်သူက သူမကိုမယုံနိုင်ဖွယ်ရာကြင်နာမြတ်နိုးမှုကိုပြသခဲ့ပါတယ်။အဲ့ဒါကတော့ သူမရဲ့မိတ်ကပ်တွေမသစ်ရသေးတဲ့မျက်နှာကိုမိတ်ကပ်ဖျက်ဆေးနဲ့မိတ်ကပ်တွေဖျက်ပေးပြီးသူမရဲ့ အသားအရည်ထိန်းသိမ်းမှုအဆင့်တွေကို သူမအိပ်ပျော်နေချိန်မှာတစ်ခုမကျန်လုပ်ပေးခဲ့တာပါပဲ။ Toner, moisturizer, eye cream စသဖြင့်အဆင့်ဆင့်ကိုတစ်ခုမကျန်လိမ်းပေးခဲ့တဲ့အပြင်သူမရဲ့ခြေသည်းလက်သည်းတွေပေါ်မှာလည်း အားဖြည့်အဆီိတွေလိမ်းပေးခဲ့ပါသေးတယ်။

အသားအရည်ဟာ မိန်းကလေးတွေရဲ့ဘဝမှာ အရေးအကြီးဆုံး၊တန်ဖိုးအထားရဆုံးပါ။ဒါကိုသိသူယောက်ျားလေးတွေကတော့ရှားပါးပါတယ်။ ယောက်ျားလေးတွေက ဒါကိုသိရင်တောင်မှ များသောအားဖြင့်ဈေးကြီးတဲ့အလှပြင်ပစ္စည်းတွေဝယ်ပေးလိုက်ရင်လုံလောက်ပြီလို့ထင်သူတွေပါ။ဒါပေမယ့် Shanikaရဲ့ချစ်သူ Albrecht Sagario ကတော့ သူချစ်တဲ့မိန်းကလေးကိုအပေါ်ယံတင်ဂရုစိုက်တာမဟုတ်..အစစအရာရာဂရုတစိုက်ပြုလုပ်ပေးကြောင်း သက်သေပြလိုက်တာပါပဲ။ယောက်ျားလေးတွေဟာ ချစ်ပေမယ့်အချစ်ကိုထုတ်ဖော်မပြတတ်ဘူးဆိုတဲ့စကားကိုပဲအကာအကွယ်ယူနေတတ်ကြပြီး ထုတ်ဖော်ပြသတတ်အောင်မကြိုးစားကြပါဘူး။ Albrecht လိုချစ်နိုင်သူ တစ်ထောင်မှာတစ်ယောက်အင်မတန်ရှားပါးပြီးတွေ့ရခဲတာကြောင့် တစ်လောကလုံးက သူတို့အတွဲလေးကိုချစ်မြတ်နိုးကြပြီးShanika ကို ဝိုင်းအားကျနေကြရတာပဲဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations