သနားစရာ Shawn လေးပါပဲ.. သူ့ပရိသတ်တွေကတော့ Hailey ကို ဒေါသထွက်နေလေရဲ့။

တော်တော်ကိုစတိုင်မိုက်တဲ့ ဒီဇိုင်းကာလာအနေအထားကြောင့်လူငယ်ပရိသတ်တွေကြားထဲမှာ ရေပန်းစားလျက်ရှိနေတဲ့ မော်ဒယ်မလေး Hailey Baldwin ရဲ့အချစ်ရေးဟာဆိုရင်ဖြင့်အခုလတ်တလောမှာ မီးရောင်အောက်ကိုရောက်နေတယ်လို့ဆိုရမှာပါ။ သူမနဲ့ပက်သက်ပြီးထွက်လာတဲ့သတင်းတွေကအဆန်းကြီးတွေချည်းပါပဲ။တွဲသမျှလူတွေကလည်း ခေါင်ဆိုတာတွေချည်းပဲကိုး။ မကြာသေးမီကပဲ Hailey ဟာ Met Gala ပွဲကိုShawn Mendes နဲ့ အတူတွဲလို့တက်ရောက်ခဲ့တာ မှတ်မိကြဦးမှာပါ။ သူမရဲ့လှပဆန်းပြားတဲ့ပန်းနုရောင်ဆံနွယ်တွေရယ်၊လက်တစ်ဖက်ကိုအသာဆုပ်ကိုင်ထားတဲ့ Shawn ရယ်နဲ့ ရယ်မောပျော်ရွှင်နေတဲ့သူတိုစုံတွဲကို မြင်ရတဲ့ပရိသတ်တိုင်းဟာ သူတို့နှစ်ယောက်တော့တွဲနေကြပြီထင်ပြီး သဘောတူတဲ့လူတွေကလည်းတူShawn ကို နှမြောတဲ့သူတွေကလည်းအုတ်အော်သောင်းတင်းတွေနှမြောကြနဲ့ (ဟိုက Hailey နဲ့ မကြိုက်ရင်သူတို့ကိုလာကြိုက်မယ့်အတိုင်း ) တော်တော်လေးကို ဂယက်ရိုက်လိုက်သေးတာပါ။ ဒီလိုဖြစ်ရတာကလည်းနှစ်ယောက်လုံးက သူတို့ Instagram မှာ Met Gala ပွဲက ကြည်နူးနေတဲ့ပုံတွေ အပြိုင်အဆိုင်တင်လိုက်ကြသေးတာကိုး။ 

Shawn တစ်ယောက်ဟာဆိုရင်အရင်က အဆိုတော်ချောချောလေးCamila Cabello နဲ့ သတင်းတွေသဲ့သဲ့ထွက်ပြီး မကြာပါဘူး.. Camila က RelationshiopGuru ကြီး အသက်သုံးဆယ်ဝန်းကျင်ရှိတဲ့ Matthew Hussey နဲ့ တွဲခုတ်သွားတော့ကာ.. ပရိသတ်တွေမှာShawn ကိုအသနားကြီးသနားတာရော..(အစစ်မတွေမကောင်းဘူးဆိုပြီး စိတ်နာပြီးတစ်မျိုးတစ်မည်တွေဖြစ်သွားမှာလည်းစိုးရသေး)ဘာရောနဲ့ အခု Hailey နဲ့ ဘာလိုလိုတွေဖြစ် Met Gala ကိုတောင်စုံတွဲတွေတက်ကြနဲ့ဆိုတော့Hailey နဲ့တော့ တည်ငြိမ်ပြီပေါ့ဆိုပြီးဝမ်းသာရတော့မလိုဖြစ်နေဆဲမှာပဲ Hailey မ က သူ့ငယ်ချစ်ဦး Justin Bieber ရဲ့ရင်ခွင်ထဲကိုဖုတ်ဖတ်ခါပြီးအပြေးဝင်သွားပါလေရောလား။

Hailey ဆိုသည်မှာလည်း Justin အတွက်ဆို အမြဲတမ်း ဟိုအဆိုတော်ရဲ့သီချင်း“တံခါးဖွင့်ထားပါတယ်..နင်ဝင်လာနိုင်ပါတယ်…မစိုးရိမ်နဲ့..”လို့များ  အော်ဆိုနေသလား မှတ်ရတယ်။ Met Gala ပွဲပြီိးသိပ်တောင်မကြာလိုက်Justin နဲ့ ခရီးအတူသွားရင်းနဲ့ ပြန်ပြီးချစ်သွားကြတော့တာပါပဲ။ သူတို့စုံတွဲဟာ အခုဆိုရင်နေရာတိုင်းမှာလူမြင်သူမြင်ကြင်နာနေကြတာ မမြင်ချင်မှအဆုံး။ အဲ့ဒီိအကြောင်းကို Media တွေက Shawn ကိုမေးတဲ့အခါမှာ Shawn ကတော့ သူတို့နှစ်ယောက်တွဲနေတာဟုတ်မဟုတ် သူမသိကြောင်း ရိုးသားစွာပဲဖြေကြားခဲ့ပါတယ်။ဒါပေမယ့် Shawn အပေါ် Hailey ရဲ့ တုံ့ပြန်ပုံကတော့ဆန်းကြယ်လှတယ်လို့ပဲပြောရမလိုပါပဲ။အကြောင်းကတော့ Hailey က Met Gala ပွဲက Shawn နဲ့ စုံတွဲပုံတွေကို သူမရဲ့ Instagramပေါ်ကနေ Delete လိုက်လို့ပါ။ Shawn Mendes ရဲ့ Instagram မှာတော့ Hailey နဲ့ပုံတွေဆက်လက်ကျန်ရှိနေပါသေးတယ်။

သူတို့နှစ်ဦးစလုံးက Media တွေကို သူတို့ဟာ သူငယ်ချင်းတွေပါလို့ဖြေခဲ့ကြပြီးအခုတော့ ဘယ်လိုဖြစ်လို့ ဒီလိုတွေဖြစ်ရတာလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ သူတို့ကြားမှာတစ်စုံတစ်ခုရှိနေခဲ့လို့Hailey က သူ့ဘာသာစိတ်မလုံပဲ delete လိုက်တာလား။ ဒါမှမဟုတ် Justin Bieber ကပဲ သဝန်ကြောင်ပြီးDelete ခိုင်းတာလား။ Shawn ရဲ့ ထင်မြင်ချက်ကရော ဘယ်လိုရှိမလဲ… သူတို့ဟာသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဖြစ်နေခဲ့တာလားဆိုတာပရိသတ်တွေက သိချင်စိတ်ပြင်းပြလျက်ရှိနေသလို တစ်ဖက်မှာလည်း Shawn က Delete မလုပ်ပဲHailey က ပုံတွေကို Delete သွားခဲ့တော့ Hailey က Shawn ကို ချေလိုက်တာပေါ့ဆိုပြီးShawn ရဲ့ ပရိသတ်တွေက ဒေါသထွက်နေကြလေရဲ့။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations