ထက်မြက်တဲ့မိန်းမဆိုတာ…

ပြောရမယ်ဆိုရင် ကမ္ဘာပေါ်ကနိုင်ငံအများစုမှာ မိန်းကလေးတွေဟာယောက်ျားလေးတွေထက်အရေအတွက်ပိုများနေတာရောမိန်းကလေးတွေရဲ့ကြိုးစားမှုက ပျမ်းမျှခြင်းအားဖြင့်ယောက်ျားလေးတွေထက်ပိုအားကောင်းတာရောကြောင့်မိန်းကလေးတွေနဲ့ယောက်ျားလေးတွေအချိုးမညီပဲဖြစ်လျက်ရှိပါတယ်။မြန်မာနိုင်ငံရဲ့Facebook တစ်ခွင်မှာလည်း ထက်မြက်တဲ့မိန်းမဆိုတာဘာညာဆိုပြီး ခေတ်စားသွားသေးတဲ့ မိန်းမတွေအတွက်တက်ကျမ်းလိုလိုဘာလိုလိုစာတွေကိုမှတ်မိကြဦးမှာပါ(အချို့ဆိုရင်အဲ့ဒါတွေကိုခုထိတောင်ရေးနေကြတုန်းဗျား..) ။ အဲ့ဒီထက်မြက်တဲ့မိန်းမပြဿာနာဟာတစ်ကမ္ဘာလုံးကိုပျံ့နှံ့လို့အခု မွန်ဂိုလီးယားနိုင်ငံအထိပါကူးစက်သွားတယ်လို့ပြောရမလားပါပဲ။

ဖြစ်ပုံကဒီလိုပါ။ မွန်ဂိုလီယားနိုင်ငံက မိဘတွေကတတော့မြန်မာနိုင်ငံနဲ့ပြောင်းပြန်ပဲလို့ပြောရမယ်..သမီးမိန်းကလေးတွေရဲ့ပညာရေးကိုအားပေးပြီးသမီးမိန်းကလေးတွေကို ပညာတတ်ကြီးတွေဖြစ်စေချင်ကြပါတယ်။အကြောင်းကတော့မိဘတွေအိုမင်းမစွမ်းဖြစ်လာတဲ့အခါ သမီးမိန်းကလေးကသာစောင့်ရှောက်ထောက်ပံ့မယ်လို့ယုံကြည်ကြပြီးသားယောက်ျားလေးတွေကိုတော့ အိမ်မှာပဲမိဘလက်ငုပ်လက်ရင်းကိုလုပ်စေတာဖြစ်ဖြစ် အိမ်မှုကိစ္စတွေကိုလုပ်စေတာဖြစ်ဖြစ်လုပ်စေတတ်ကြပါတယ်။ဒီတော့ကြာလာတဲ့အခါ မိန်းကလေးတွေက အလွန်ထက်မြက်ပြီး ယောက်ျားလေးတွေကတော့မိန်းကလေးတွေရဲ့နောက်မှာနောက်ကောက်ကျကျန်ခဲ့ပါတော့တယ်။ထက်မြက်တဲ့မိန်းကလေးတွေဟာ မွန်ဂိုလီိးယားရဲ့မြို့တော်Ulaanbaatar မှာနေထိုင်ပြီးအလုပ်လုပ်ဖို့ရွေးချယ်ကြတာများပါတယ်။သူတို့ကသိပ်ကိုတော်လွန်းထက်လွန်းတာကြောင့်အလုပ်ရဖို့မခက်ခဲပေမယ့်သူတို့နဲ့လိုက်ဖက်ညီတဲ့ချစ်သူရဖို့ကတော့ ခက်ခဲလာပါတယ်။မိန်းကလေးတွေဟာနဂိုကမှ တစ်စုံတစ်ဦးကိုချစ်ပြီဆိုရင်အထင်ကြီးခြင်းကနေစတတ်တာဖြစ်လေတော့ကိုယ့်ထက်ပညာအရည်အချင်းနိမ့်ကျတဲ့ယောက်ျားလေးတွေ ဝင်ငွေနိမ့်ကျတဲ့ယောက်ျားလေးတွေကိုဘယ်နှယ့်လုပ်ချစ်နိုင်ပါတော့မလဲ။

ဒါ့အပြင် မြို့တော် Ulaanbaatar မှာဆိုရင် မိန်းကလေးဦးရေဟာယောက်ျားလေးဦးရေထက်ခြောက်သောင်းခန့်ပိုများနေတယ်လို့စစ်တမ်းကောက်ယူချက်တွေအရသိရပါတယ်။ဒီိတော့ မွန်ဂိုလီးယန်းသူလေးတွေခမျာမှာ ယောက်ျားလေးကရှား၊ရှိတဲ့ယောက်ျားတွေကလည်းပညာမတတ်၊အထင်ကြီိးစရာမရှိ၊ယောက်ျားလေးရှားပါတယ်ဆိုမှနိုင်ငံတိုင်းကိုသက်ရောက်နေတဲ့ LGBT ကြီးကလည်းရှိပြန်တော့ ရှိတဲ့ယောက်ျားလေးတွေကအချင်းချင်းပြန်ကြိုက်နေကြတဲ့အခါ ယူစရာယောက်ျားအတော့်ကိုရှားပါးလွန်းတဲ့အခြေအနေဖြစ်သွားပါပြီ။စစ်တမ်းကောက်ယူချက်တွေအရလတ်တလော Ulaanbaatar မှာဆိုရင် လက်ထပ်ထိမ်းမြားနှုန်းဟာ လူအယောက်တစ်ထောင်မှာအယောက်သုံးဆယ်ခန့်လက်ထပ်နေကြရာကနေ အယောက်တစ်ထောင်မှာ ဆယ်ယောက်ခန့်သာလက်ထပ်ကြတဲ့အထိကျဆင်းသွားလေတော့.. မွန်ဂိုလီးယားရဲ့ မျိုးဆက်ပြန့်ပွားနှုန်းဟာစိုးရိမ်စရာအနေအထားကိုရောက်ရှိလာပြီးမွန်ဂိုလီးယားမှာသူတို့ရဲ့ထက်မြက်တဲ့မိန်းကလေးတွေနဲ့ထိုက်တန်တဲ့ ပညာတတ်ယောက်ျားစစ်စစ်တွေလိုအပ်လျက်ရှိကြောင်းသိရပါတယ်။ဘယ်လိုလဲညီအစ်ကိုတို့ မွန်ဂိုလီးယားသွားဖို့အဆင်သင့်ပဲလား။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations