ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ Shinee ဧ။် ခေါင်းဆောင်ဖြစ်သူ Kim Jong Hyun တနင်္လာနေ့က ရုတ်တရက်သေဆုံးခဲ့မှုနှင့် ပက်သက်ပြီး ပရိသတ်အများအပြား ပူဆွေးသောကရောက်လျက်ရှိသည်။ ရဲတပ်ဖွဲ့ကမူ ကိုယ့်ကိုကိုယ်သတ်သေမှုဟု ယူဆလျက်ရှိသည်။

 SM Entertainment က အသက် ၂၇ နှစ်ရှိပြီဖြစ်သော Jong Hyun အမှန်တကယ် သေဆုံးကြောင်းကို  "ဒီလို သတင်းဆိုးမျိုး အကြောင်းကြားရတာ ကျွန်တော်တို့ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ Shinee အဖွဲ့ခေါင်းဆောင် Jong Hyun တစ်ယောက် ဒီဇင်ဘာ ၁၈ ရက်နေ့မှာပဲ ဆုံးပါးသွားပါပြီ " ဟု တနင်္လာနေ့တွင် အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ SM ရဲ့တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှာလည်း ပရိသတ်များနှင့် ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်းပါ ထပ်လောင်းပြောကြားခဲ့သေးသည်။ 


သေဆုံးကြောင်း အတည်ပြုလွှာတွင် "Jong Hyun လောက် အနုပညာကို အလွန်အင်မတန်ချစ်မြတ်နိုးသူပါ။ သူ့ကိုချစ်တဲ့ပရိသတ်တွေကို ဒီလို သတင်းမျိုးထုတ်ပြန်ရတာလောက် ကြေကွဲစရာကောင်းတာမရှိတော့ပါဘူး" ဟုရေးသားထားသည်။ 


Jong Hyun က အစ်မဖြစ်သူကို သေတမ်းစာနှင့်ခပ်ဆင်ဆင်တူသော စာတစ်စောင်နောက်ဆုံးပေးပို့ခဲ့ရာ အစ်မဖြစ်သူက Jong Hyun ကိုယ့်ကိုကိုယ်သတ်သေတော့မည်ဟု သံသယရှိသောကြောင့် ရဲတပ်ဖွဲ့ကိုအချိန်မီအကြောင်းကြားခဲ့သော်လည်း ရဲများရောက်ရှိသွားချိန်တွင် Jong Hyun က သူနေထိုင်ရာအိမ်တွင် သတိလစ်နေလေပြီ။ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့သော်လည်းအသက်မမီဘူးဟုယူဆရသည်။ ထို့နောက်တွင် Jong Hyun သေဆုံးကြောင်း SM မှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

Jong Hyun ရုတ်တရက်သေဆုံးမှုမှာ Shinee fans "Shawols" များအတွက် ဖြေမဆည်နိုင်ဖွယ် သတင်းဆိုးကြီးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်မျာ ပူဆွေးသောကရောက်လျက်ရှိကြသည်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations