ခရစ်စမတ်ဖိုးဖိုးနဲ့နှင်းလူရုပ်တုကြီးတွေဟာ သူမနဲ့ယှဉ်လိုက်ရင် ကလေးလေးတွေဖြစ်သွားတာပါပဲ။

အသက် 32နှစ်ရှိပြီဖြစ်တဲ့ ကလေးနှစ်ယောက်မိခင် Jo ဟာ 2014 ခုနှစ်ခရစ်စမတ်မှာ သူတို့အိမ်ကိုအလည်လာတဲ့ ခရစ်စမတ်ဖိုးဖိုးဝတ်စုံဆင်မြန်းထားတဲ့ အမျိုးသားထက်တောင် ဝနေပြီလို့ သူ့ကိုယ်သူသတိထားမိလိုက်ပါတယ်တဲ့။

 အဲ့ဒီအချိန်တုန်းက သူမဟာ ကိုယ်အလေးချိန် 23 စတုန်ရှိနေပြီး အလွန်အကျွံဝနေခဲ့တာပါ။ ဒါပေမယ့် သူမဟာ ဝိတ်ချမယ့် အကြံအစည်ကိုနေ့ရွှေ့ညရွှေ့လုပ်နေပြီး 2015 မတိုင်ခင်အထိ ဝိတ်မချနိုင်ခဲ့ပဲ ဝမြဲဝဆဲသာရှိနေခဲ့ပါတယ်။ 

 2015 ခရစ်စမတ်မှာတော့ သူမရဲ့သမီးလေး ပြုလုပ်ထားတဲ့ နှင်းလူရုပ်တုနဲ့ ဓာတ်ပုံအတူ

တွဲရိုက်မိရာမှ သူမဟာ တစ်နှစ်လုံးလုံး ဝိတ်ချဖို့မကြိုးစားခဲ့တဲ့ အဖြစ်မှန်ကို အလန့်တကြားသတိထားမိသွားပါတယ်။ 

ယ်။ အဲဒီအချိန်ကစပြီး သူမဟာ သူမရဲ့ကလေးတွေကို အိပ်ရာဝင်ပုံပြင်တောင်ဖတ်ပြဖို့မအားလောက်အောင် အပြင်းအထန်ကြိုးစားပြီး ဝိတ်ချခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူမရဲ့မဟာစီမံကိန်းကြီးအောင်မြင်သွားပြီမို့ သူမ အလွန်ပျော်ရွှင်နေပါတယ်။ ခုဆို သူမဟာ အသေးဆုံး S size အဝတ်တွေကိုဝတ်လို့ရသွားပြီဖြစ်ပြီး ကိုယ်အလေးချိန်လည်း မယုံနိုင်စရာ 12စတုန်ပဲရှိတော့တာပါ။ 

"ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကို ကျွန်မမိသားစုနဲ့ကျွန်မကိုယ်ကိုယ် ခရစ်စမတ်လက်ဆောင်အဖြစ်ပေးနိုင်ခဲ့တဲ့အတွက် အပျော်ရွှင်ရဆုံးပါပဲ"လို့ သူမက ဆိုပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations