အသက်ရှည်ရှည်နေချင်တာကတော့ လူတိုင်းပဲပေါ့နော်။ နောက်ကျတယ်ဆိုတာ သေတာကလွဲရင်ဘာမှမကောင်းဘူးလို့တောင်ပြောနေကြတာပဲကို။

ဟုတ်ပြီိ အသက်ရှည်အောင်ဘယ့်နှယ်လုပ်ကြမတုန်း။ လူဆိုတာ ကံပေးသလောက်ပဲနေရတယ်ဆိုပေမယ့် အသက်ကိုညဏ်စောင့်ဆိုတဲ့စကားပုံလည်းအရှိသားမဟုတ်လား။အသက်ရှည်အောင်ဆွဲဆန့်နိုင်မယ့်နည်းလမ်းလေးတွေနည်းနည်းလောက်ပြောပြပါရစေ......

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပါ

ဟင့်အင်း။ ပိုက်ဆံတွေအများကြီးအကုန်ခံပြီး Gym တွေသွားဆော့နေစရာမလိုပါဘူး။ မနက်စောစောထပြီး ရပ်ကွက်တစ်ပတ်ပတ်လိုက်တယ်ဆိုလည်း လေ့ကျင့်ခန်းပါပဲ။ ကြမ်းတွေပြောင်နေအောင်တိုက်လိုက်တာကလည်းလေ့ကျင့်ခန်းဖြစ်သလို ခြံထဲကပန်းတွေရေလောင်းပေါင်းသင်နေတာလည်းလေ့ကျင့်ခန်းပါပဲ။ အဓိကက ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဖို့ပြောတာပါ။ 

ကည့်သောက်ပါ

ကည့်သောက်ပါ

တရုတ်နာမည်မဟုတ်ဘူးနော် ကြည့်သောက်က။ ကြည့်သောက်ပါဆိုမှတော့ အရက်တို့ဘာတို့ကိုပြောတာပေါ့။အချိုရည်တွေလည်းထိုနည်းလည်းကောင်း။ ကြည့်သောက်ပါဆိုလို့ ခွက်ထဲကိုမျက်လုံးကြီးပြူးပြီးကြည့်ရင်းနဲ့မော့တာမျိုး မိမိလက်မခံပါနော်။ ချင့်ချိန်ပြီးသောက်ဖို့ပြောတာပါ။ဆရာဝန်က အရက်လျှော့သောက်ဖို့ပြောတဲ့အချိန်ဟာ သင်အပြတ်ဖြတ်ပစ်သင့်တဲ့အချိန်ပါပဲတဲ့။

အရက်နဲ့ဆရာဝန် မှားမဖြတ်နဲ့ဦးနော်။ 

ပျော်ပျော်နေပါ

ပျော်ပျော်နေပါ

ပျော်ပျော်နေသေခဲ ဆိုတဲ့စကားပုံတောင်ရှိသေး။ ဘယ်သူကမှတော့ တစ်ချိန်လုံးပျော်စရာတွေနဲ့ပဲကြုံနေရမှာမဟုတ်ဘူးပေါ့။ ဒါပေမယ့် ပျော်ဖို့အရေး ပျော်စရာတွေနဲ့ကြုံစရာမလိုပါဘူး။ စိတ်အခံကိုက စိတ်ညစ်စရာတွေကို အဝင်မခံဖို့ပဲလိုတာပါ။ 

နောက်ဆုံးပေါ်နည်းပညာတွေနဲ့ဝေးဝေးနေပါ

နောက်ဆုံးပေါ်နည်းပညာတွေနဲ့ဝေးဝေးနေပါ

အဝေးဆုံးအဝေးဆုံး သို့သွားမယ် .... ကမ္ဘာကုန်ကျယ်သရွေ့သွားရတော့မယ်ကွယ်.. ဆိုတဲ့ သီချင်းအော်ဆိုပြီး သင့်ရဲ့ လက်ပ်တော့တွေဖုန်းတွေကို ပိတ်လိုက်ပါတော့။ (ဒါလေးတော့ ပြီးအောင်ဖတ်သွားပါဦး) တတ်နိုင်သမျှဖုန်းတွေသိပ်မပွတ်ဖို့ပြောတာပါ။ ဖုန်းတွေလက်ပ်တော့တွေကထွက်တဲ့ရောင်ခြည်တွေက သင့်ကို အသက်တိုစေပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာ ရန်တွေဖြစ်ပြီး အကုသိုလ်အတုံးအခဲတွေယူခြင်းကလည်း သင့်ကို အမြန်ယာဉ်နဲ့ မရဏလမ်းကိုကြွမြန်းစေမှာပါ။ ဟိုးအဝေး တောင်တန်းတွေပေါ်က တိုင်းရင်းသားအဖိုးတွေအဖွားတွေ ခေတ်ပေါ်ဆေးဝါးတွေမရှိပဲ ဘာကြောင့်အသက်ရှည်နေပါသလဲ။သူတို့မှာ သင့်လို မအိပ်မနေပွတ်စရာ ဖုန်းမှမရှိတာကိုး။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations