ကိုယ့်အရေပြားကို အရိပ်တကြည့်ကြည့်နေတတ်ကြဖို့

အသက် 51 နှစ်အရွယ်ရှိပြီဖြစ်တဲ့ Beverley Gardner ဆိုတဲ့ ကလေးသုံးယောက်မိခင်ဟာ သူ့တံတောင်ဆစ်မှာ အပေါက်ကလေးတစ်ပေါက် စတွေ့တုန်းက ဘာမှမဟုတ်လောက်ပါဘူးဆိုပြီး ဂရုမစိုက်ပဲပစ်ထားမိပါတယ်။ သိပ်မကြာခင်မှာပဲ အဲဒီအပေါက်ကလေးက နီရဲယောင်ကိုင်းလာပြီး ဘေးကအသားတွေကိုစားစပြုလာပါတယ်။ တစ်ရှုးအချင်းချင်းစားတဲ့ ကြောက်စရာ ပိုးမွှားတွေဝင်သွားခဲ့တာလို့ဆိုပါတယ်။ ဆေးရုံကို ကမန်းကတမ်းထွက်သွားခဲ့ချိန်မှာ အကြီးအကျုယ်နာကျင်ခံစားနေရပါပြီ။ 

တစ်ရှုးအချင်းချင်းစားတဲ့ ပိုးဝင်နေပြီလို့ ယူဆရမယ့်အချက်တွေကတော့ ကိုယ်ခြစ်ခြစ်တောက်ပူနေမယ်၊ခေါင်းကိုက်မယ်၊အော့အန်တာတွေနဲ့ နှလုံးခုန်မြန်တာတွေပါ။ 

ဆရာဝန်တွေက Beverley ရဲ့ လက်မောင်းတစ်ဝိုက်က ပိုးဝင်နေတဲ့အသားတွေကိုလှီိးထုတ်ခဲ့ရပါတယ်။ အဲဒါမှမရရင်တော့ လက်မောင်းရင်းကနေဖြတ်ဖို့ စဉ်းစားထားကြပေမယ့် ကံကောင်းထောက်မစွာပဲ ဖြတ်ဖို့မလိုခဲ့ပါဘူး။ ကုသပေးအပြီးမှာတော့ သုံးပတ်ကြာသတိမလည်ပဲ coma ဝင်နေခဲ့ပါတယ်။ သူ့ခြေထောက်က အသားတွေနဲ့ လက်ကအရေပြားကို အစားထိုးကုသရမယ်လို့သိရပါတယ်။  

"ဆရာဝန်တွေက ကျွန်မသမီးသုံးယောက်ကို ကျွန်မအသက်မရှင်နိုင်တော့ဘူးလို့ သုံးခါတိတိပြောခဲ့ကြပါတယ်။ သူတို့အတွက်နာကျင်စရာပါပဲ။ ဒါပေမယ့်ကျွန်မခုထိအသက်ရှင်နေသေးတာတော့ အံ့သြစရာပါ။ အနားမှာ အမြဲရှိနေပေးတဲ့ကျွန်မသမီးတွေကို ကျေးဇူးတင်ပါတယ်။ သူများတွေကို ကျွန်မလိုမဖြစ်စေချင်လို့ ဒါတွေပြောပြရတာပါ" လို့ Beverley က ဆိုပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations