Kim Jong Un ကိုတုံ့ပြန်လိုက်တာပါ။

မြောက်ကိုရီးယားရဲ့သမ္မတ Kim Jong Un က သူ့ရဲ့ နှစ်သစ်မိန့်ခွန်းလွှာမှာ အမေရိကန်နိုင်ငံကြီးတစ်ခုလုံးက မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ထိပ်ဖူးဝမှာရှိနေပြီး သူ့စားပွဲပေါ်မှာလည်း activate လုပ်မယ့်ခလုတ်တစ်ခုက အမြဲလိုလိုအဆင်သင့်ရှိနေကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါကို Donald Trump ကြားသိသွားတဲ့အခါမှာတော့ သူ့ရဲ့ twitter account ကတစ်ဆင့် ပို့စ်တင်ပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ 

Donald Trump ရဲ့ post မှာရေးထားတာကတော့ "မြောက်ကိုရီးယားသမ္မတက သူ့စားပွဲပေါ်မှာ နျူကလီးယားဗုံးခလုတ်အမြဲရှိနေတယ်ဆိုပဲ။ သူ့ရဲ့အစာရေစာငတ်ပြတ်ပြီးချွတ်ချုံကျနေတဲ့နိုင်ငံလေးထဲက တစ်ယောက်ယောက်လောက်သူ့ကိုပြောလိုက်စမ်းပါ၊အမေရိကန်ရဲ့ နျူကလီးယားခလုတ်က ပိုကြီးပြီး အားလည်းပိုကောင်းတယ်၊တကယ်လည်းအလုပ်လုပ်တယ်ကွ" လို့ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations