ဆိုးလ်မှာ ကျင်းပသွားမယ့်အိုလံပစ်ပွဲအတွက်နှစ်နိုင်ငံသဘောတူညီချက်ရပြီးပါပြီ။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဟာ အတိတ်မှာ သိပ်ပြီးအစေးကပ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရှေ့လမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်သွားမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယားက ကစားသမားတွေလွှတ်ပြီး ပြိုင်ခိုင်းဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေရဲ့ဆွေးနွေးပွဲဟာ အောင်မြင်စွာပြီးဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

ဒီဆွေးနွေးပွဲဟာ နှစ်နှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံးဆွေးနွေးပွဲဖြစ်ပြီး ရလာဒ်ကောင်းမွန်စွာထွက်လာခဲ့တဲ့ ပထမဆုံးဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ ဆွေးနွေးပွဲမစခင် အဖွင့်အမှာစကားမှာ တောင်ကိုရီးယားရဲ့ ညှိနှိုင်းရေးအဖွဲ့ ဦးစီးချုပ်  Cho Myoung-gyon က 

"ကျွန်တော်ကတော့ ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးဟာ အေးချမ်းသာယာနွေးထွေးစွာ ရှိသင့်တယ်လို့ယုံကြည်ပါတယ် " လို့ပြောကြားခဲ့ပါတယ်။ 

ဆွေးနွေးညှိနှိုင်းပွဲက တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး နေ့လည်ပိုင်းမှာ ဆက်လက်ဆွေးနွေးမယ့် အစီအစဉ်တွေရှိကြောင်း ကြေငြာရင်း အောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့ သိရှိရပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations