ဟေတီတို့ ဆယ်ဗေဒေါတို့လိုနိုင်ငံတွေကဒုက္ခသည်တွေကို ဝင်ခွင့်ပိတ်လိုက်ပေမယ့် နော်ဝေလိုနိုင်ငံမျိုးကိုတော့ လက်ကမ်းကြိုနေဆဲပါတဲ့။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မကြာသေးမီက သမ္မတရုံးမှာ များပြားလှစွာသောပြည်ဝင်ခွင့်တွေနဲ့ပက်သက်ပြီး အစည်းအဝေးပြုလုပ်ခဲ့ရာမှာ ဒီစကားကိုပြောခဲ့တာပဲဖြစ်ပါတယ်။ရုတ်တရက်ကြီးထပြီး “နေစမ်းပါဦး ဒီသောက်ကျိုးနည်း ဒုက္ခသည်တွေကို ငါတို့နိုင်ငံက ဘာလို့လက်ခံနေရမှာလဲ”လို့အဓိပ္ပာယ်ရတဲ့ စကားမျိုးကိုပြောလိုက်တဲ့အတွက် သမ္မတရုံးကတာဝန်ရှိသူတွေအားလုံးမင်သက်သွားခဲ့ရပါတယ်တဲ့။ဟေတီနိုင်ငံက ဒုက္ခသည်တွေလည်းအဝင်မခံနိုင်တော့ဘူး နှင်ထုတ်လိုက် လို့လည်းထပ်မံပြောခဲ့ပါသေးတယ်။

လက်ရှိမှာ အမေရိကန်မှာခိုလှုံနေကြတဲ့ နိုင်ငံရေးဒုက္ခသည်တွေကအစသဘာဝဘေးအန္တရာယ်ဒုက္ခသည်တွေအားလုံးပေါင်းဟာ 436,900 ကျော်ရှိပြီး ဟေတီ၊ဆူဒန်၊ဆိုမာလီယာ၊ဆီးရီးယား၊ဆယ်ဗေဒေါ၊နီိပေါစတဲ့နိုင်ငံက လူတွေ အဓိကနဲ့ အခြားသောနိုင်ငံတွေက ဒုက္ခသည်တွေလည်းပါဝင်ပါတယ်။ 

ဒေါ်နယ်ထရန့်က အဲဒီလိုနိုင်ငံတွေကဒုက္ခသည်တွေကို နည်းနည်းလေးမှအဝင်မခံချင်တော့ပေမယ့်ပုံမှန်ပြောင်းရွှေ့နေထိုင်သူတွေကိုတော့ ပုံမှန်ပဲစီစစ်လက်ခံမှာဖြစ်ပြီး နော်ဝေနိုင်ငံကလူတွေကိုပိုပြီးကြိုဆိုလျက်ရှိပါတယ်လို့ပြောကြားထားပါတယ်။

 သမ္မတအိမ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “သမ္မတကြီးကနိုင်ငံကိုချစ်မြတ်နိုးတဲ့သူဖြစ်တာကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့ ပုံမှန်အခြေအနေကိုဖျက်ဆီးမယ့်ဘယ်လိုဒုက္ခသည်မျိုးကိုမှအလိုမရှိပါဘူး။နိုင်ငံအပေါ်အကျိုးပြုနိုင်မယ့် ပိုပြီးအင်အားကြီးအောင်လုပ်ပေးနိုင်မယ့်လူမျိုးတွေကိုပဲအလိုရှိပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဟေတီနဲ့ နီရာဂွမ်က ဒုက္ခသည်တွေကို သူတို့ရဲ့ခိုလှုံခွင့်ကာလပြီးဆုံးပြီဖြစ်တဲ့အကြောင်း အကြောင်းကြားထားပြီးဖြစ်ပါတယ်။

 တစ်ဖက်မှာလည်း ဒေါ်နယ်ထရန့်ရဲ့ ပြောဆိုချက်နဲ့ပက်သက်ပြီးဟေတီရဲ့ အစိုးရက အပြင်းအထန်ရှုံ့ချကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ ဟေတီနိုင်ငံရဲ့ အမေရိကန်ဆိုင်ရာသံတမန်ကသမ္မတဒေါ်နယ်ထရန့်ရဲ့ မှတ်ချက်တွေဟာ လူတန်းစားခွဲခြားထားတာဖြစ်ကြောင်းနဲ့ သမ္မတဟာ သတင်းအချက်အလက်တွေမှားယွင်းသိထားတာသော်လည်းကောင်းဒါမှမဟုတ် အသိညဏ်ပညာချို့တဲ့နေတာသော်လည်းကောင်းကြောင့်ဒီလိုပြောထွက်တာပါလို့ ပြောကြားလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations