ချက်ချင်းလက်ငင်းကိုပစ်ချနိုင်တဲ့အင်အားမျိုး မြောက်ကိုရီးယားမှာ အမှန်တကယ်ရှိနေပါတယ်။

ကျွန်တော်တွေးနေမိသမျှကတော့ ကျွန်တော်ဟာ အရူးတစ်ကောင်ရဲ့လက်ထဲမှာအချိန်မရွေးသေသွားနိုင်ပြီးမသေအောင်လည်းဘယ်လိုမှတန်ပြန်ကာကွယ်မှုမျိုးမပြုလုပ်နိုင်ဘူးဆိုတာပါပဲ

ဒီစကားတွေကိုပြောခဲ့သူကတော့  အမေရိကန်ရေတပ်က သင်္ဘောသားတစ်ဦးပဲဖြစ်ပါတယ်။ ဒီစကားဟာမှန်ကောင်းမှန်နိုင်တယ်ဆိုတာထက်ကိုပိုပါတယ်။လက်ရှိအခြေအနေမှာမြောက်ကိုရီးယားမှာ တောင်ကိုရီးယားတရုတ်နဲ့အမေရိကန်အရှေ့ပိုင်းဒေသတွေကိုအမှုန့်အဖြစ်ပြောင်းပစ်နိုင်တဲ့ နည်းပညာရောလက်နက်ကိရိယာတွေပါအလုံအလောက်ရှိနေတယ်ဆိုတာကိုသက်သေပြပြီးဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်ကိုကြည့်မရတာနဲ့အချိန်မရွေးပစ်ချနိုင်တယ်လို့နိုင်ငံရေးသုတေသီတွေက ယူဆထားကြပါတယ်။ အချို့သောနိုင်ငံရေးလေ့လာသူတွေကတော့ မြောက်ကိုရီးယားမှာနျူကလီးယားလက်နက်တွေ အခု 40 ကျော်လောက်ရှိနေတယ်လို့ ခန့်မှန်းရပေမယ့် လက်နက်တွေအကုန်လုံးဟာမြို့တော်နဲ့နယ်စပ်တွေမှာတည်ရှိနေတာမဟုတ်ပါဘူး။အများစုကို မြေအောက်ပိုက်လိုင်းတွေလိုလုံခြုံစိတ်ချရတဲ့နေရာတွေမှာ မြှပ်နှံထားပါလိမ့်မယ်။တကယ်လို့ အမေရိကန်က တရစပ်တိုက်စစ်ဆင်ခဲ့မယ်ဆိုရင်တော့အဲဒီ့လက်နက်တွေအကုန်လုံးကိုတပ်ဆင်အသုံးပြုဖို့ရာ အချိန်မီပြုလုပ်နိုင်ဖို့ခက်ခဲမှာဖြစ်ပေမယ့်လည်းအဲဒီ့အခါမှာမြောက်ကိုရီးယားက သူ့ဆီမှာရှိသမျှကူးစက်ပိုးမွှားတွေပလိပ်ကပ်ရောဂါတွေကိုဖြစ်စေနိုင်တဲ့ကမ္ဘာဖျက်ပိုးမွှားလက်နက်တွေနဲ့ခုခံတာမျိုးတွေလုပ်တော့မှာပါလို့ တွက်ဆထားကြပါတယ်။ ဘယ်ဘက်ကမှအရေးသာနေတာတော့မဟုတ်ဘူးပြောရပါမယ်။

 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations