သန်းတွေဗောက်တွေကင်းဝေးတဲ့ဆံသားပိုင်ရှင်လေးဖြစ်စေဖို့ ...

သန်းတွေဆိုတာ လူတွေခေါင်းထဲ ဆံပင်ထဲတွေမှာနေထိုင်တဲ့ ရွံစရာသတ္တဝါရွရွလေးတွေပါ။ဘယ်သူမှတော့ ကိုယ့်ခေါင်းထဲသန်းတွေရှိနေတာမကြိုက်ကြပါဘူး။ ဘီးစိတ်ကြီးနဲ့လည်းအမြဲတိုက်မနေချင်ကြပါဘူး။အပြင်တွေဘာတွေသွားလို့သန်းတွေရှိနေတာသူများတွေကသိသွားရင်လည်းအထင်သေးခံရဦးမယ်။ တကယ်တော့ သန်းတွေကို အမြစ်ဖြုတ်ပစ်ဖို့ဆိုတာလွယ်ပါတယ်။

 

သင်လိုအပ်တာတွေက

-      ဘီးစိပ်တစ်ခု

-      ပလုတ်ကျင်းဆေးရေ

-      ရှာလကာရည်

-      ကြွပ်ကြွပ်အိတ်တစ်လုံးနဲ့

-      မျက်နှာသုတ်ပဝါတစ်ထည်ပဲဖြစ်ပါတယ်။

 

ပြုလုပ်နည်းအဆင့်ဆင့်ကတော့...


(1)  အရင်ဆုံးဆံပင်ကိုရေဆွတ်ပါ။ ပြီးရင်တစ်ခေါင်းလုံးအနှံ့ပလုတ်ကျင်းဆေးရည်လိမ်းပြီး ခေါင်းကိုပလတ်စတစ်အိတ်နဲ့စွပ်လို့ တစ်နာရီလောက်ထိုင်နေလိုက်ပါ။(ဒီလိုလုပ်တာတကယ်ထိရောက်ပါတယ်၊သန်းတွေက ပလုတ်ကျင်းဆေးရည်ရဲ့ စူးရှချိုအီတဲ့ မွှေးရနံ့ကိုမကြိုက်ကြပါဘူး။)

(2)  ရေဆေးချပြီး ရှာလကာရည်နဲ့ တစ်ခါတစ်ခေါင်းလုံးထပ်လိမ်း၊ကြွပ်ကြွပ်အိတ်စွပ်၊တစ်နာရီလောက်ထိုင်နေလိုက်ပါဦး။ 

(3) တစ်နာရီပြည့်ရင် ရေပြန်ဆေးပြီးတော့ခေါင်းသုတ်လို့ရပါပြီ ။

(4) နောက်ဆုံးအနေနဲ့ သန်းတွေမရှိတော့တာသေချာအောင် ဘီးစိပ်နဲ့ပိုက်စိပ်တိုက်ကြည့်ပါ။

(5) အကုန်ပြီးရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ ပလုတ်ကျင်းဆေးရည်လေးအနည်းငယ်ကို ဆံပင်ပေါ်ကိုခပ်ဝေးဝေးကဖြန်းပေးပါ။ တစ်နေ့တာလုံးသင်းပျံ့နေပါလိမ့်မယ်။


ဒီနည်းဟာ အမှန်တကယ်ကို သန်းတွေကိုမျိုးပြုတ်စေတဲ့အပြင်ဆံသားကျန်းမာရေးကိုလည်းမထိခိုက်စေပါဘူးလို့ ကျွမ်းကျင်သူတွေက အတည်ပြုပေးထားကြပါတယ်။

 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations