တစ်ကယ့်လုံချည်ဆင်မှလုံချည်ဆင်စစ်စစ်။ရေမရောဘူး။

ZARA တို့ကတော့ လုပ်ချလိုက်ပြန်ပြီိဗျား။ မြန်မာနိုင်ငံလိုအိန္ဒိယလို အရှေ့တောင်အာရှနိုင်ငံတွေမှာ တစ်သောင်းကျပ်အပြင်ပိုမပေးရတတ်တဲ့ ပုဆိုးဆင်တွေကိုမိန်းမဝတ်စကပ်ဆိုပြီး ထုတ်လိုက်ပြန်ပါရောလား။ ဈေးကိုလည်းကြည့်ဦး ..ပေါင် 70၊ မြန်မာငွေနဲ့ဆိုတစ်သိန်းဝန်းကျင်ပဲ။ တကယ်တော့ ZARA ရဲ့ ဒီလိုလုပ်ရပ်တွေဟာ ယခုမှသာမဟုတ်၊အရင်ကလည်းဤသို့ဖြစ်ခဲ့ဖူးသည်လို့တောင်ပြောရမှာပါ။အရင်တစ်ခါကလည်း ဒေါက်ချွန်ဖိနပ်နဲ့ ခြေအိတ်တစ်ဆက်တည်းအတွဲအစပ်ကို မထုတ်စဖူး အထုတ်ထူးပြီးပေါင် 60 လောက်နဲ့ရောင်းဖူးပါသေးတယ်။ ခုလည်း အာရှမှာ ယောက်ျားလေးတွေဝတ်တဲ့ ပုဆိုးဆင်ကြီးကိုမိန်းကလေးဝတ်စကပ်ဆိုပြီးရောင်းနေပြန်ပါပြီ။ ဘယ်လိုတောင်လားနော်။ အဲဒီိ့စကပ်က အနောက်မှာဇစ်ပုန်းပါပြီးဝတ်ဆင်ရလွယ်ကူစေတယ်ဆိုပဲ။ အဲ.. ဒါပေမယ့် အညိုရောင်တစ်မျိုးတည်းသာထွက်ပါတယ်တဲ့။ မြန်မာကပုဆိုးတွေသာလာဝတ်ကြစမ်းပါအမိတို့ရာ.. ရောင်စုံလည်းရတဲ့အပြင်အထည်တစ်ဒါဇင်ကိုတစ်သိန်းလောက်နဲ့တောင်ရဦးမယ်..ဟုတ်တယ်။ 

အာရေး...ခယ်လေးမ...အဘနော် နို့ပုံးပို့တယ်နော်။အဘဝတ်ထားတဲ့ လုံးချည် တစ်သိန်းမကျော်ဘူးခယ်လေးမ.. 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations