အနယ်နယ်အရပ်ရပ်ကသူတွေဆီ သူတို့မှာယူမထားတဲ့ပစ္စည်းတွေကတရစပ်ရောက်နေခဲ့ပြီး အချို့ပစ္စည်းတွေဆိုရင် မဖွယ်မရာမထော်မနန်းပစ္စည်းတွေပါပါဝင်တယ်လို့ဆိုပါတယ်။

Amazon ဟာ နောက်ပိုင်းကာလတွေမှာ ဘာပဲလိုလို Amazon မှာရှိတယ်နော်လို့ပြောရလောက်အောင်ကိုအရာအားလုံးရနိုင်တဲ့ Online ဈေးရုံကြီးဖြစ်နေတာပါ။ ခုချိန်မှာတော့ Apple နဲ့ Google ပြီးရင် တတိယအကြီးဆုံး Company အဖြစ်ရပ်တည်နေပါပြီ။ အဲ.. ပြဿနာက လက်ရှိမှာ အဲ့ဒီ့ကမ္ဘာပေါ်က တတိယအကြီးဆုံး Company ကြီးဟာ သူ့ရဲ့ Customer တွေဆီကိုမှာယူမထားတဲ့ပစ္စည်းတွေမှားယွင်းပို့ဆောင်နေတာပဲဖြစ်ပါတယ်။အချို့သူတွေဆီကို Sex toys တွေရောက်လာပြီးအချို့ကိုတော့ မှာမထားတဲ့အခြားသောပစ္စည်းတွေတရစပ်ရောက်လာနေပါတယ်။

ကျွန်မဆီကို Sex toy ကြီးရောက်လာတယ်။ ဘယ်သူများလဲပေါ့တစ်ယောက်ယောက်ကများနောက်လိုက်တာလားဆိုပြီးကြည့်ပေမယ့် ဘယ်သူမှလည်းနောက်မထားကြဘူးတဲ့။ပြီးတော့sex toy ရဲ့ ဈေးကိုကြည့်တော့ 25 $ ဈေးကမပေါဘူး။ဒါတော်တော်ကြီးကိုထူးဆန်းတယ်”လို့Customer တစ်ဦးဖြစ်တဲ့ Nikki ကပြောကြားခဲ့ပါတယ်။ Nikki ဟာ ပို့တဲ့သူဘယ်သူလဲဆိုတာ စုံစမ်းရအောင် Amazon ရဲ့ Customer Service Center ကိုအကြိမ်ပေါင်းများစွာဆက်သွယ်မေးမြန်းခဲ့ပေမယ့်လောက်လောက်လားလားအဖြေတစ်ခုမရခဲ့ပါဘူး။ဒါ့အပြင် အနယ်နယ်အရပ်ရပ်က အခြား customer တွေကလည်းအလားတူပြဿနာတွေကိုရင်ဆိုင်နေရကြောင်းသိရပါတယ်။

ဒီကိစ္စက တမင်တကာ Amazon ကိုတိုက်ခိုက်ချင်လို့ fake reviews တွေရေးချင်လို့လုပ်တာလည်းဖြစ်နိုင်ပါတယ်။တစ်ခုခုတော့ဝယ်ဖူးမှ website မှာreview ရေးလို့ရတာကိုး။ဒီိပေးပို့မှုတွေနဲ့ ပက်သက်ပြီး ရေးထားတဲ့ review အနည်းငယ်ကိုကျွန်တော်တို့တွေ့ရပါတယ်။ကျွန်တော်တို့ကတော့တွေ့တာနဲ့ဖျက်ပစ်တာပါပဲ။ဒီကိစ္စတွေနောက်ထပ်မဖြစ်အောင်ကျွန်တော်တို့ဆက်လက်စုံစမ်းဖြေရှင်းသွားမှာပါ”လို့Amazon ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဖြေကြားထားပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations