ဘယ်လောက်ဝမ်းမြောက်ကြည်နူးဖွယ်ကောင်းလိုက်တဲ့မင်္ဂလာသတင်းလဲ…။အချစ်ဦးတွေဖြစ်ကြတဲ့ Justin နဲ့ Selena တို့ ဘဝတစ်သက်စာရွှေလက်တွဲတာကို မမြင်ချင်တဲ့သူဘယ်သူများရှိပ့ါမလဲနော်။သူတို့နှစ်ယောက်ရဲ့ ရည်းစားဟောင်းတွေကလွဲရင် သူတို့ကိုသဘောမတူတဲ့လူက ခပ်ရှားရှားရယ်။ပြီးခဲ့တဲ့ ချစ်သူများနေ့မှာလည်း Selena ကို မျက်စိအောက်ကအပျောက်မခံနိုင်တဲ့ပုံနဲ့တောက်တဲ့လိုကပ်နေတဲ့ Justin ဟာ သူတို့နှစ်ယောက် ထာဝရမခွဲရတော့ဖို့အရေး အကြံကြီးကြံနေခဲ့ပုံပေါ်ပါတယ်။ခိုင်လုံတဲ့သတင်းရပ်ကွက်က ထုတ်ပြန်ထားတဲ့သတင်းတွေအရ Justin ဟာ Selena ကို လက်ထပ်ခွင့်တောင်းဖို့အဆင်သင့်ဖြစ်နေပါပြီတဲ့။ ဒါပေမယ့် Selena က အလောတကြီးမလုပ်ချင်တာကြောင့်သာ အချိန်တစ်ခုကိုစောင့်နေခဲ့တာလို့ဆိုပါတယ်။
“Justin နဲ့ Selena ဟာ သူတို့နှစ်ဦးရဲ့ အတိတ်တွေကနေ သင်ယူခဲ့တာတွေအများအပြားရှိပါတယ်။အဲ့ဒီ့ထဲကတစ်ချက်ကတော့ တစ်ကိုယ်ကောင်းမဆန်ဖို့နဲ့ ကိုယ့်ခံစားချက်ကိုရှေ့တန်းမတင်ဖို့ပါပဲ၊ခုဆို Justin ကလည်းလိမ်မာနေပါပြီ။ Selena က ဘာကိုမှအလောတကြီးမလုပ်ချင်ပါဘူး။ Justin ကို သူမရဲ့အမေ Mandy Teefy နဲ့ အရင်ပြေလည်စေချင်နေပါတယ်။သိကြတဲ့အတိုင်း Selena က သူ့အမေကိုအရမ်းချစ်တာလေ၊အမေမျက်နှာတစ်ကမ္ဘာထင်တဲ့သမီးလိမ်မာကလေးမဟုတ်လား။သူ့အမေမကြိုက်တဲ့Justin ကို ခေါင်းမာမာနဲ့ ဆက်တွဲနေတာနဲ့တင် သူ့အဖို့အတော်လေးလွန်နေပါပြီ။ဒါကြောင့်စေ့စပ်တာကိုတော့သူ့အမေသဘောတူတဲ့အချိန်ရောက်မှလုပ်ချင်ပုံပေါ်ပါတယ်။ Justin ကလည်း Mandy နဲ့ပြေလည်အောင်ကြိုးစားဖို့သဘောတူပါတယ်။အချိန်တော့ယူရမှာပေါ့လေ”လို့ သူတို့နှစ်ဦးရဲ့ အရင်းနှီးဆုံးတွေထဲကတစ်ယောက်ကThe Hollywood Life Magazine ကိုပြောကြားခဲ့ပါတယ်။
Facebook Conversations