ဘီယာသောက်တာကြောင့်​ အပြစ်ရှိတယ် လို့ ကိုယ့်ကိုယ်ကို ခံစားနေရပါသလား ? မခံစားပါနှင့် ။ ဘီယာကို သင့်တင့်မျှတစွာ သောက်သုံးခြင်းဟာ သင့်အတွက် အံ့သြဖွယ်ရာ ကျန်းမာခြင်း ကျေးဇူးများကို ပေးနိုင်ကြောင်း ဖော်ပြပေးချင်ပါတယ်။

(၁) နှလုံးရောဂါ အန္တရာယ်ကို လျှော့ချပေးနိုင်ခြင်း

နေ့စဉ် ဘီယာ အစိတ်သားလောက် သောက်သုံးပေးပါက နှလုံးရောဂါ ဖြစ်ပွားမည့်အန္တရာယ်ကို ၃၁% လျော့ကျစေတာ သိပါသလား ? ဘီယာမှာ ပါဝင်တဲ့   phenols လို့ခေါ်တဲ့  antioxidants တွေက ကာကွယ်မှုကိုပြုလုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အနေဖြင့်  ပမာဏ လွန်ကဲ သောက်သုံးခြင်းက နှလုံးရောဂါ အန္တရာယ်ဖြစ်နိုင်ကြောင်း သတိပြုပါ ။

 

(၂) Alzheimer ရောဂါ မှ ကာကွယ်ပေးနိုင်ခြင်း

 ဘီယာရဲ့  သိသာထင်ရှားတဲ့ ကောင်းကျိုး တစ်ခုကတော့ အယ်လ်ဇိုင်းမား ခေါ် ဦးဗနှာက်နှင့် အာရုံကြော ချို့တဲ မှုကြောင့်မှတ်ညဏ်များ ချို့ယွင်းနိုင်သော ရောဂါကို ၂၃% ကာကွယ်ပေးနိုင်ကြောင်း  Loyola Universty Chicago Stritch School မှ  ယူဆ ထုတ်ပြန်ထားပါတယ်။ ဘီယာရှိ  silicon content က ခန္ဓာကိုယ်မှ တဆင့်  ဦးဏှောက်ထဲသို့   အယ်ဇိုင်းမားကို ဖြစ်ပေါ်စေနိုင်တဲ့ အလူမီနီယမ်မြောက်မြားစွာဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ် ။

 

(၃) ဆီးချိုရောဂါကို တားဆီးပေးနိုင်ခြင်း

သက်လတ်ပိုင်း အမျိုးသား ၃၈၀၀၀ အား Harvard မှ လေ့လာချက်အရ သင့်တင့်သော ဘီယာ ပမာဏက  ဆီးချိုရောဂါ ကို ၂၅ %  ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ် ။ ဘီယာမှအယ်ကိုဟောသည် insulin ကို ထိန်ချုပ်ပေးနိုင်ပါတယ် ။

 

 

(၄) ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

Finland မှ လေ့လာချက်အရ ဘီယာဟာ ကျောက်ကပ် ကျောက်တည်ခြင်းကို ၄၀%တောင်လျော့ကျစေနိုင်ပါတယ် ။ ဘီယာမှာ ၉၃% ခန့်ပါဝင်သော ရေပမာဏက ကိုယ်တါင်း အဆိပ်အတောက်များကိုကောင်းမွန်စွာ စွန့်ထုတ်ပေးနိုင်ပါတယ်။

 

(၅)ကင်ဆာရောဂါအန္တရာယ်ကို လျော့ကျစေနိုင်ခြင်း

ဘီယာတွင် xanthohumol လို့ခေါ်တဲ့ antioxodents ပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ enzymes ကိုလည်း တားဆီးဖယ်ရှားပေးနိုင်ပါတယ်။ အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာ ၊ အမျိုးသမီးများတွင်ရင်သားကင်ဆာ ကဲ့သို့သော ကင်ဆာများကို ကာကါယ်ပေးနိုင်ပါတယ်။

 

(၆) ကိုလက်စထရော ပမာဏကို လျော့နည်းစေခြင်း

ကိုလက်စထရောပမာဏကို ဖြတ်တောက်ချင်ပါသလား ? ဘီယာ ထုတ်လုပ်တဲ့ မုယောစပါးမှာbeta-glucansခေါ် အမျှင်ဓာတ် ပေါကြွယ်ဝသဖြင့်  ထိရောက်စါာလျော့ကျစေနိုင်မျာ ဖြစ်ပါတယ်။

 

(၇) သွေးတိုးရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်း

ဘီယာဟာ သွေးပေါင်ချိန် ပမာဏကို ထိန်းချုပ်ပေးနိုင်တယ် ဆိုတဲ့ အချက်ကထူးဆန်းနေပါတယ်။ Harvard  မှ လေ့လာမှုအရ အသက်၂၅ နှစ်ကနေ ၄၀ အရွယ် အမျိုးသမီးတွေမှာ ၀ိုင်နှင့် အခြား အယ်ကိုဟော အမျိုးအစား သောက်သူများထက်  ဘီယာ အနည်းအကျဉ်း သောက်းပေးသူတွေက သွေးတိုးတဲ့ လက္ခဏာများလျော့နည်းနေကြောင်း သိရပါတယ်။

 

(၈) အရိုးများကို သန်မာစေခြင်း

ဘိယာမှာပါတဲ့ Silicon ပမာဏအလိုက် အရိုးများကို သိပ်ဆည်းဆ ပိုမိုကောင်းမွန်စေပြပီးပိုမိုသန်မာ ကြံ့ခိုင်စေတာ ကြောင့် အလွယ်တကူ အရိုးကျိုးခြင်း အရိုးပွခြင်းများကို နည်းပါးစေမှာဖြစ်ပါတယ် ။

(9) ဗောက်များကို ကုသနိုင်ခြင်း

စိတ်ဝင်စားစရာကောင်းတဲ့ အခြား ဘီယာကောင်းကျိုး တစ်ခုကတော့ ဗောက်များကိုကုသပျောက်ကင်းစေတာပဲ  ဖြစ်ပါတယ် ။ ဘီယာ ထုတ်လုပ်တဲ့အခါအသုံးပြုတဲ့ တစေး နှင့် ဗီတာမင်ဘီတွေက ဗောက်များကို သဘာဝအလိုက် ကုသပေးနိုင်ပါတယ် ။တစ်ပါတ်လျှင် ၂ကြိမ်ကနေ ၃ ကြိမ်ထိ  ဦးရေပြားကိုဘီယာနှင့် ပေါင်းတင် ခေါင်းလျှော်ပေးပါက ဆံသား နူးညံ့တောက်ပစေရုံမက ဗောက်များကို သက်သာပျောက်ကင်းစေပါတယ်။

 

(၁၀) လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

American Stroke Association မှ လေ့လာတင်ြ့ချက်အရ ဘီယာကို သင့်တင်မျှသောက်သုံးပါက ၅၀% လျော့ကျစေနိုင်ပါတယ် ။ Harvard မှ လေ့လာချက်မှ နှလုံး ၊ ဦးဏှောက်ထဲသို့ စီးဝင်သော သွေးကြောများကို ပိတ်မိစေနိုင်တဲ့  သွေးခဲငယ်လေးများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

သတိပြုရန် _ အံသြဖွယ် ကောင်းကျိုးများသည် ဘီယာ ပမာဏကို သင့်တင့်မျှတစွာသောက်သုံးမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်

 

 

 

Ref : lifehack.com

Image source : infomastern via flickr.com

 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations