သင်သည် အရူးလုပ် မခံရအောင် ၊ သင့် အဖော်သည် ယောကျာင်္း ပီသသော စိတ်ထား ၊ တာဝန်ယူစိတ် နှင့် လူကြီးလူကောင်း ပီသ၍ စစ်မှန်သော သရုပ်မှန် ရှိမရှိ သိရှိစေရန် အောက်ပါ အချက်များဖြင့် ဆန်းစစ်ကြည့်ပါ ။

အမျိုးသမီး တစ်ဦး အနေဖြင့် မိမိ နှင့် ပက်သက်သော ချစ်သူ (၀ါ) အမျိုးသား နှင့် ပက်သက်၍ ၄င်း၏ အရည်အချင်း နှင့် စိတ်သဘောထား အမှန်အား အကဲခတ် သိရှိနိုင်ရန် အလွန် ခက်လှသည်။ ယောကျာင်္းတိုင်းသည် မိမိသည် ယောင်္ကျား ပီသကြောင်း ( ဟန်ဆောင်၍ဖြစ်စေ) ပြသတတ်ကြစမြဲပင် ။   သင်သည် အရူးလုပ် မခံရအောင် ၊ သင့် အဖော်သည် ယောကျာင်္း ပီသသော စိတ်ထား ၊ တာဝန်ယူစိတ် နှင့် လူကြီးလူကောင်း ပီသ၍ စစ်မှန်သော သရုပ်မှန် ရှိမရှိ သိရှိစေရန် အောက်ပါ အချက်များဖြင့် ဆန်းစစ်ကြည့်ပါ ။

ကျန်းမာရေး နှင့် ညီညွတ်စွာ သန့် သန့် ရှင်းရှင်း သပ်သပ်ရပ်ရပ် နေထိုင်သလား ?

လက်သည်းများ ညစ်ထေးနေသော ၊ နှာခေါင်းအတွင်းရှိ အမွှေးအမျှင်များ ရှည်ထွက်ညစ်ပေနေသော ၊ ဆေးလိပ်ငွေ့  အရက်နံ့ ထောင်းထောင်းဖြစ်နေသော ယောကျာင်္းတစ်ယောက် ၏ သွင်ပြင်ကို မြင်ယောင်ကြည့်ပါ ။ အခြေခံအားဖြင့် အပျင်းကြီးသူ ဖြစ်နေကြောင်း ပြသလျက်ရှိသည် ။ ပြုပြင် ပြောင်းလဲတတ်သူ ဖြစ်ပါက နားဝင်အောင် ပြောဆိုကြည့်ပါ ။ သတိပြုရမည့် အချက်မှာ ၄င်းသည် သန့် ရှင်း သပ်ရပ်နေစေရန် beauty saloon သို့ အမြဲ ခြေကြွ နေသူ မဖြစ်သင့် ၊ မိမိ တစ်ကိုယ်ရေ သန့်ရှင်းရေးကို မိမိဘာသာ တာဝန်ယူသူ ဖြစ်လျှင် အကောင်းဆုံးပင် ။

ဆင်ခြေပေးတတ်သူလား ? လိုက်လျော ညီထွေ ပြုမူသူလား?

သင့်လူသည် ရှေးရိုးလည်းမဆန် ၊ မိမိ တက်လမ်းအတွက် ရည်းမှန်းချက် ကြီးကြီး တက်လှမ်းတတ်သူ ဖြစ်ပါက သင်သည် ကံကောင်းသူဖြစ်ပါသည် ။

ရယ်မောတတ်သူလား ?

လိုက်လျော ညီထွေသော ဟန်ချက် ကျကျ ရယ်မော ခြင်းကို အရန်သင့် ထုတ်သုံးတတ်သူ ဖြစ်လျှင် သင်တို့  ပက်သက်မှုသည် တင်းမာမှုရှိလာလျှင်ပင် ခေတ္တခဏသာ ဖြစ်ပါလိမ့်မည် ။ အသံထွက် ရယ်မောတတ်အောင် ၊ လိုက်လျော ညီထွေမှု ရှိအောင် လိုက်ပါဆောင်ရွက်သင့်သည် ။

ရန်လိုတတ်သူလား ?

မိမိ၏ အသေးစိတ် ကိစ္စရပ်များထိ စေ့စေ့ ပေါက်ပေါက်ငြိုငြင်ကာ အလိုမကျ ဖြစ်နေတတ်ပြီး ရန်လိုနေတတ်ပါက သင်သည် အမြဲ စိတ်မောရပေမည် ။ ရန်စသော ရည်ညွန်း ပြောဆိုချက်များကို အတတ်နိုင်ဆုံး သည်းခံကာ တိမ်းရှောင် ဖြေရှင်းတတ်မှသာ နှစ်ဦးသား အဆင်ပြေနိုင်လိမ့်မည် ။

ဟန်ဆောင် ကောင်းသူလား ?

ဤတွင် မုသားမပါ လင်္ကာမချော ဆိုသော ဆိုရိုးစကားအရ ၄င်း၏ ဟန်ဆောင်မှုအပေါ် အဆိုးအကောင်း ဝေဖန် နိုင်အောင် ကြိုးစားပါ ။ ဥပမာ ယောကျာင်္းတို့သည် အမျိုးသမီးတစ်ဦးကို တွေ့ဆုံပြီး ချစ်ခင်နှစ်သက်သွားသဖြင့် တွေ့ ဆုံရန် ချိန်းတွေ့ချင်သော်လည်း “ မင်းကိုချစ်မိနေလို့ တွေ့ ပါရစေ” ဟု ချက်ချင်း ဖွင့်ပြောမည်မဟုတ်ပေ ။ ညစာစားပြီးပြီလား ? ဒီဝိုင်ပုလင်းကဖြင့် ဘယ်ခုနှစ်ထုတ်ကြောင်း ဘယ်လိုအရသာ ကောင်းမွန်ကြောင်း ၊ ရုပ်ရှင် လက်မှတ်နှစ်စောင် လက်ဆောင်ရထားတယ် စသည်ဖြင့် အကြောင်းပြကာ ချိန်းဆိုပါလိမ့်မည် ။ ဤ အပြုအမူများသည် မယဉ်မရိုင်းသော ဟန်ဆောင်မှု ပါဝင်ကြောင်း သိသော်လည်း မိမိ လက်ခံနိုင်ပါက အလိုက်တသိ ခွင့်လွတ်ပေးမိတတ်ကြသည် ။ လူတစ်ဖက်သား နစ်နာလောက်သည် အထိ ဟန်ဆောင်ခြင်းကိုမူ သတိထားသင့်သည် ။

ဇွဲကောင်းသူလား ?

မိမိ အမှန် ချစ်ခင် နှစ်သက်သွားပါက နောက်တကြိမ် ပြန်လည်တွေ့ ဆုံရန် ပွင့်လင်းစွာ ပြောဆိုပြီး ဆန္ဒမရှိပါကလည်း ပျော်ရွှင်စရာ အချိန် ဖြစ်ခဲ့ ပါကြောင်း ပွင့်လင်းဖော်ရွေ စွာ ပြောဆိုတတ်သူ ဖြစ်ပါက ၄င်းသည် လူကြီးလူကောင်း ပီသသော စိတ်ဓာတ်ရှိသူဖြစ်သည် ။ ကြိုးရှည်နှင့် လှမ်းကာ မိန်းကလေး၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ကိုယ်ပိုင်ဘ၀ ကို ချုပ်နှောင်ထားတတ်သော ယောင်္ကျားများနှင့် ယှဉ်ပြီး သိမြင်စေနိုင်သော အချက်ဖြစ်သည် ။

ဖေးမတတ်သူလား ?

အခန်းတံခါးများ ဖွင့်ပေး ပိတ်ပေးခြင်း ၊ မိမိ ကုတ်အင်္ကျီအားး မိမိဘာသာ ချွတ်ယူ ချိတ်ဆွဲခြင်း ၊ စသော အပြု အမူများကို လုပ်ဆောင်ခြင်းသည် အပြုသဘောအား ဖြင့် မိန်းမသားများကို စာနာတတ်သူ ဖြစ်သည် ။ အားနွဲ့ သော မိန်းမသားကို အထင်မကြီး၍ မဟုတ်ပဲ မိမိနှင့် သက်ဆိုင်သော နေရာမှစကာ ဖေးမလိုသော အသေးစိတ် အပြုအမူဖြစ်သည် ။

အိနြေ္ဒရှိရှိ ပြုမူတတ်သူလား ?

လင်ယောင်္ကျားဟူသည် မိမိ အိမ်ထောင်ဖက် အမျိုးသမီးနှင့် အတူနေချင်စိတ် ဖြစ်လာလျှင်ပင် မိမိဘက်မှ မဟုတ် အမျိုးသမီးဘက်မှ ဆွဲဆောင်၍ စတင်ကြောင်း ဖြစ်စေလိုကြသည် ။ မိမိ အိမ်ထောင်ဖက်ကိုလည်း အစစအရာရာ ၄င်းအပေါ် ထာဝရ ယုံကြည် ပုံအပ်ထားခြင်း ကိုသာ လိုလား တောင့်တ တတ်ကြပေသည် ။

မိမိအား တန်ဖိုးထားတတ် သူလား ?

မိမိအား ဂရုစိုက်သော မိန်းကလေးအား တန်ဖိုးထားတတ်သော သူဖြစ်ပါက သင် ကံကောင်းနိုင်ပါသည် ။ အကျိုးစီးပွားကို မျှော်ကိုးကာ မြူဆွယ်တတ်သော မိန်းမများကို ရှောင်တိမ်းတတ်ပါက ပို၍ ကံကောင်း နိုင်ပါသည် ။ သစ္စာရှိသော ယောက်ျား ကို တန်ဖိုးထားရန် လိုအပ်သည် ။

ငွေကြေးကို စေ့စပ်သေချာစွာ ကိုင်တွယ်သူလား ?

ငွေကြေး ချမ်းသာသော်လည်း မော်ကြွားခြင်းမရှိ ပဲ စေ့စပ်သေချာစွာ သုံးစွဲတတ်သူ ဖြစ်လျှင် သင့်အတွက် အကောင်းဆုံး အဖော်မွန်ကို ရှာတွေ့ ခြင်းပင်။  နှစ်ဦး နှစ်ဖက် မိဘများအား သင့်တင့်လျောက်ပတ်စွာ ပေးကမ်းတတ်သော ဦးစီး ဦးဆောင်နိုင်သောသူ ဖြစ်သည် ။ ငွေကြေးနှင့် ပက်သက်၍ ၄င်းအား ကပ်သပ်ကာ နှိုက်နှိုက် ချွတ်ချွတ် စစ်ဆေးမေးမြန်းခြင်းများကို မပြုလုပ်ပါက သင်တို့၏ ဆက်ဆံရေး ပိုမို ခိုင်မြဲနိုင်သည် ။

ရပ်တည်ချက် မြဲမြံသူလား ?

အလုပ် (သို့) မိမိ၏ ၀ါသနာကို တွယ်တာစွာ လုပ်ကိုင်တတ်သူ ဖြစ်သည် ။ မိသားစုအတွက် ဒါမှမဟုတ် ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများအတွက် အမဲသားတုံးကြော်ပေးခြင်း စသော အပြုအမူကောင်းများကို မြင်ယောင်ကြည့်ပါ ။ ဆုံးဖြတ်ချက် ခိုင်မာကာ ရည်းမှန်းချက်ကြီးပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သော သူနှင့် တွေ့ ဆုံလျှင် သင်သည် သေချာပေါက် ကံကောင်းသူ ဖြစ်ပါသည် ။

မိမိကိုယ်ကို တန်ဖိုးထားတတ်သူလား ?

မိမိကိုယ်ကို နားလည်ရန် နှင့် ပြုပြင်ရန် အချိန်ယူပြီး ဆင်ခြင်တတ်သူဖြစ်ပါက သူသည် မိမိ ကိုယ်ကို တန်ဖိုးထားတတ်သော သူဖြစ်သည် ။ ထို့ကြောင့် သူသည် တခြားသူကိုလည်း တန်ဖိုးထားတတ်သူဖြစ်သည် ။ သူ့ပတ်ဝန်းကျင်ရှိ လူများအပေါ် ရိုးသားခြင်းရှိသည်မှာလည်း ကောင်းသော အပြုအမူပင် ။

ရွေးချယ်တတ်သူလား ?

ယောက်ျားတို့သည် ၄င်းတို့ ကိုယ်တိုင်မူ ဆိုးသူ ၊ ကောင်းသူ ၊ ပြည့်စုံသူ ၊ မပြည့်စုံသူ စသည်ဖြင့် ရှိသော်လည်း ၄င်းတို့၏ လက်တွဲဖော်ကိုမူ ပြီးပြည့်စုံစေလိုကြသည် ။ ဤသို့သော မိန်းကလေးမျိုးကို ရရှိပါကလည်း ၄င်းအတွက် ပေးဆပ်ကြ ကာကွယ်တတ်ကြသည် ။ မိမိ အဖော်နှင့်သာ ပျော်ရွှင်စွာ နေလိုပြီး ခြံစည်းရိုးမကျော်တတ်သော ယောက်ျားမျိုးကို သင်တွေ့ ရှိ ပိုင်ဆိုင်ထားပြီ ဆိုလျှင်တော့ သင်သည် ကံအကောင်းဆုံး အမျိုးသမီး တစ်ဦး ဖြစ်လို့နေပါပြီ ။

 

ref : popsugar

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations