အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ခံစားချက်မျိုး အဖြစ်အပျက်မျိုး လူတိုင်းနီးပါ ခံစားဖူးကြပါတယ် ။
အရပ်အခေါ် ထမင်းလုံးတစ္ဆေစီးခံရခြင်း (၀ါ) အိပ်ပျော်နေစဉ် သွတ်ချာပါဒလို ခံစားရခြင်းပဲ ဖြစ်ပါတယ် ။အမျိုးအစား၊လက္ခဏာနဲ့  ကုသနိုင်ပုံကိုဖော်ပြထားပါတယ် ။

1. အသေကောင်လို နိုးထလာခြင်း

အသေကောင်လို နိုးထလာခြင်း

ဘယ်အချိန်မဆို အိပ်ပျော်ရာမှ ရုတ်တရက် လန့်နိုးလာကာ ခြေလက်ကိုယ်အဂါင်္များ မလှုပ်ရှားနိုင် စကားမပြောနိုင် ဖြစ်ဖူးပါသလား ၊ အိပ်ပျော်စဉ်မျက်ခွံများ အလွန်လှုပ်ရှားတက်နေသလား  ။

ဟုတ်ကဲ့ ဆိုရင်တော့ သင်ဟာ အိပ်ပျော်စဉ်မှာ သွတ်ချာပါဒ ခံစားနေရသူဆိုတာ သေချာပါတယ် ။  အသိစိတ်က နိုးကြားနေပေမယ့် လူက အသေကောင်လိုဖြစ်နေတတ်တဲ့ ခံစားချက်ကို တစ်ကြိမ် နှစ်ကြိမ်လောက်သာ ဖြစ်ဖူးပါက ပမာဏအဆင့် Isolation  Sleep Paralysis  ရိုးရိုးထမင်းလုံး တစ္ဆေစီးခံရခြင်းလို့  သတ်မှတ်ပါတယ် ။

2. Recurrent Isolation Sleep Paralysis

Recurrent Isolation Sleep Paralysis

မိမိအသိစိတ် မိမိဝိညဉ်က မိမိကိုယ်ထဲမှ ထွက်ခွာနေသလို ထပ်ခါတလဲလဲ နေရာ အချိန်မရွေး ဝေဒနာကို မကြာခဏ ခံစားရပါက  

Recurrent Isolation Sleep Paralysis လို့  အဆင့်တစ်ခု သတ်မှတ်ကြပါတယ် ။

တချိ့ ဆိုးဆိုးရွားရွား ခံစားရသူတွေဟာ မိမိကိုယ်ကိုပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ နတ်ဆိုးတွေ ၀ိညဉ်တွေ နဲ့  အမြဲထိတွေ့ ခံရ ပြုစားခံရတယ်လို့  ကိုယ့်ကိုကိုယ်ထင်မြင်လာတတ်တဲ့ အထိ  ဆိုးရွားလာတတ်ပါတယ် ။

3. Entities

Entities

 ဒီအမျိုးအစားမှာ အခန်းထဲ မိမိတစ်ယောက်တည်း နေနေပေမယ့်  မိမိနှင့် တစ်စုံတစ်ယောက် အတူတူရှိနေသလို ၊ ကျောဘက် မျက်နှာဘက် စသဖြင့်

အလွန်နီးကပ်စွာ စောင့်ကြည့်နေတယ်လို့ ခံစားရတတ်ကြပါတယ် ။ ဒီဝေဒနာ ခံစားရသူတွေဟာ သူတို့ ဘယ်တော့မှ ဒီဖြစ်စဉ်ကို

ကျော်လွန်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အတွေး ၀င်သွားတတ်ကြပါတယ် ။  သင်ကိုယ်တိုင် မြင်ယောင်ခံစားကြည့်ပါ ။



Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations