ပုံမှန်ကလေးတွေနဲ့မတူတဲ့ကွဲပြားတဲ့ခြားနားမှုတွေ ရှိနေတဲ့ သနားစရာတစ်မျိုး အံ့သြစရာတစ်ဖုံ တွေ့မြင်ရမဲ့ ကလေးလေး တွေကို ကြည့်ရှုမြင်တွေ့စေရန် စုစည်းဖော်ပြပေးလိုက်ပါတယ်...

1. Kristina Pimenova(The World’s Most Beautiful Girl )

Kristina Pimenova(The World’s Most Beautiful Girl )

သူလေးကတော့ ကောင်းသောထူးခြားကွဲလွဲ မှုရှိတဲ့ကလေးလေးပါ။ သူမဟာ ကမ္ဘာ့အလှဆုံး အချောဆုံး စာရင်းဝင် အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ ချစ်စရာကောင်းတဲ့ကလေးမလေးဖြစ်ပါတယ်။သူမဟာ အသက်(၃) နှစ်အရွယ်တည်းက ကလေးမော်ဒယ် စလုပ်ခဲ့တာဖြစ်ပြီး အသက် (၉) နှစ် အရွယ်မှာတော့ကမ္ဘာ့အလှဆုံးကလေးမလေးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူပါ။ သူမဟာ Russia မှာမွေးဖွားခဲ့တဲ့ ရုရှားသူလေးဖြစ်ပါတယ်။ သူမရဲ့Facebook pageကိုသူမရဲ့မိခင်ဖြစ်သူက စီမံပြီး အခုချိန်မှာ Likes 2 မီလီယံလောက်ထိရရှိနေသူတစ်ဦးဖြစ်ပါတယ်။သူမဟာ လက်ရှိအချိန်မှာအောင်မြင်တဲ့မော်ဒယ် တစ်ဦးအဖြစ်ရပ်တည်နေပါတယ်။

2. Pan Xianhang(Chinese ‘Fish Boy)

Pan Xianhang(Chinese ‘Fish Boy)

  မြင်ရတဲ့အတိုင်းငါးအကြေးခွံ ပုံစံ အကွက်အပြောက်တွေ ဟာ ဦးခေါင်းနဲ့ လက်တွေမှာ မွေးရာပါပါနေတဲ့သနားစရာကောင်းလေးတစ်ဦးဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီ အကြေးခွံပုံစံ အကွက်တွေဟာ မွေးရာပါဖြစ်တဲ့အတွက်ကုသဖယ်ရှားဖို့ခက်ခဲတယ်လို့သိရပါတယ်။ ဆရာဝန်တွေရဲ့ထင်မြင်ချက်ကတော့ကောင်လေးဟာ ရေသတ္တ၀ါဘ၀ကနေ ပြန်လည်မွေးဖွားလာသူတစ်ဦး ဖြစ်တယ်လို့ယူဆထားကြပါတယ်။ကောင်လေးရဲ့အကွက်တွေဟာ မွေးမွေးချင်းတုန်းက ပါးပါး ချပ်ချပ်လေးတွေဖြစ်ပင်မဲ့နောက်ပိုင်းမှာ တော့ချွေးကြောင့်အကွက်တွေဟာ ပိုပြီးထူထူပိန်းပိန်းဖြစ်နေခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ကောင်လေးမိသားစုက ကောင်လေးကို အေးတဲ့နေရာမှာပဲ အမြဲထားတယ်လို့သိရပါတယ်။

3. Shiloh Pepin(Real-Life Mermaid)

Shiloh Pepin(Real-Life Mermaid)

 ရေသူမ ကိုယ်အင်္ဂါကို ပိုင်ဆိုင်ထားတဲ့ ကလေးမလေးဟာ မွေးကတည်းကဒီလိုထူးဆန်းတဲ့ ကိုယ်အင်္ဂါကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ ကလေးမလေးမွေးမွေးပြီးချင်းရက်ပိုင်းမှာပဲ ဆရာဝန်တွေရဲ့ခန့်မှန်းချက်ဟာ ကလေးကို ကုသပေးလို့မရဘူးဆိုတာပဲဖြစ်ပါတယ်။ ကလေးမလေးက တစ်ပါးသူတွေနဲ့မတူညီသော်လည်းကြံကြံခိုင်ရင်ဆိုင်နိုင်တဲ့စိတ်ကလေးရှိတဲ့ကလေးမလေးဖြစ်ပါတယ်။ကျောင်းကိုလည်းပုံမှန်ကလေးတွေအတိုင်းတက်ခဲ့ပြီး ကျောင်းကပွဲလမ်းသဘင်တွေမှာလည်းပါဝင်လှုပ်ရှားခဲ့တယ်လို့သိရပါတယ်။ကလေးမလေးဟာ လူမှုရေးကောင်းမွန်ပြီး ကျောင်းကသူငယ်ချင်းတွေကြားမှာ ယဉ်ကျေးပြီးခင်ဖို့ကောင်းသူတစ်ယောက်အဖြစ်သတ်မှတ်ခြင်းခံရပါတယ်။

4. Bayezid Hossain(Real-Life Benjamin Button)

 Bayezid Hossain(Real-Life Benjamin Button)

 ဒီကလေးလေးဟာ တစ်ခြားကလေးတွေထက်အိုရင့်တဲ့မျက်နှာပုံစံကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ ဒီကလေးကိုမြင်တိုင်း တစ်ခြားကလေးတွေက ကြောက်ပြီး လန့်သွားတက်ကြတယ်လို့ စိတ်မကောင်းစွာသိရပါတယ်။ ၆နှစ်သား အရွယ်ရှိတဲ့ကလေးလေးဟာ အသက်၇၀ အရွယ်အဖိုးအို အရွယ်နဲ့အသက်ရှင်နေရပြီး ကျောင်းက Activitiesတွေကိုလည်းသူရဲ့ပင်ပန်း ချိနဲ့တဲ့ အားကြောင့် မလုပ်ဆောင်နိုင်ဘူးလို့သိရပါတယ်။ ဒါ့အပြင် ကလေးရဲ့အသိညဏ်ဟာ တစ်ခြားကလေးတွေထက်အဆများစွာပိုပြီး တွေးခေါ်တက်နေတယ်လို့လည်းသိရှိရပါတယ်။ဆရာဝန်တွေပြောကြားချက်အရ ကလေးလေး ဟာ ဆယ်ကျော်သက်အရွယ်ထိ အသက်ရှင်နိုင်မယ်မထင်ဘူး၊ အသက်၁၃နှစ်လောက်ထိပဲနေနိုင်မယ်လို့သိရပါတယ်။ ဒီစကားဟာမိခင်ဖြစ်သူအတွက်တော့ကြေကွဲစရာ စကားတစ်ခွန်းပါပဲ။ 

5. Johncris Carl Quirante(300 Teeth)

Johncris Carl Quirante(300 Teeth)

   ဒီကလေးကတော့သွား အချောင်းသုံးရာပေါက်နေတဲ့ကလေးလေးဖြစ်တယ်လို့သိရပါတယ်။ စစချင်းမိဘတွေက မရိပ်မိကြပေမဲ့နောက်ပိုင်းကလေးရဲ့သွား မကောင်းတာကြောင့်ပိုက်ဆံလေးစုပြီးဆေးခန်းသွားပြခဲ့ရာမှ ကလေးဟာ သွား အပိုတွေပေါက်နေပြီး စုစုပေါင်း အချောင်း၃၀၀ ရှိတယ်လို့သိရပါတယ်။ သွားအပိုတွေကို ဖယ်ရှားနိုင်ဖို့ ၈ ကြိမ်တိုင်တိုင် Operation လုပ်ခဲ့ရတယ်လို့သိရှိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations