လာရှိုးရိုးမဘဏ်ခွဲ (၁)နှင့် ဧရာဝတီဘဏ်ကြားဗုံးပေါက်ကွဲမှုအတွက်နစ်နာသူတစ်ချို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလလှူတန်း ကြောင်းသိရှီရပါတယ်...
Myanmar Times

လားရှိုးမြို့၊ ရပ်ကွက်(၂)၊ နယ်မြေ(၁၁)၊ လမ်းမတော်လမ်းရှိ ရိုးမဘဏ်ခွဲ (၁)နှင့် ဧရာဝတီဘဏ်ကြားတွင် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် သေဆုံးသူနှစ်ဦးအတွက် တစ်ဦးလျှင် ငါးသိန်းကျပ်ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ (၂)ဦး အတွက် တစ်ဦးလျှင် ၅သိန်းကျပ် ၊  ပြင်းထန်စွာဒဏ်ရာရသူအတွက် ငွေကျပ် ၃သိန်း ၊သာမန် ဒဏ်ရာရသူအတွက် တစ်ဦးလျှင် ၅သောင်း ၊ ပြင်းထန်စွာရရှိပြီး သိပ်မစိုးရိမ်ရသူအတွက် တစ်ဦးလျှင် (၂)သိန်း စုစုပေါင်း ၃၀.၅သိန်းနှင့်လားရှိုးခရိုင် ကယ်ဆယ်ရေးဦးစီး ဌာန မှသေဆုံးသူ (၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃သိန်း ဒဏ်ရာရရှိခဲ့သူ (၂၁) ဦး  အတွက် တစ်ဦးလျှင်၅သောင်းစုစုပေါင်း ၁၆.၅သိန်း နှင့်ပြည်နယ် ဒုတိယ ခရိုင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ၀န်ထမ်းများမှသေဆုံးသူ တစ်ဦးချင်းစီ အတွက် ငွေကျပ်၂သိန်းပြင်းထန်ဒဏ်ရာရရှိသူ တွေအတွက် တစ်ဦးလျှင်၅သောင်း၊သာမန်ဒဏ်ရာရရှိသူတွေအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်း စုစုပေါင်း ၁၁.၅သိန်းကိုလားရှိုး ပြည်သူ့ဆေးရုံတွင် ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations