ထို အမျိုးသမီးငယ်ဟာ အစဦးပိုင်းတုန်းက ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့သူမျိုးမဟုတ်ခဲ့ပါဘူး။ သူမဟာပိန်ချင်တဲ့စိတ်ရှိပေမဲ့ အားကစားနဲ့ပတ်သတ်ပြီးလည်းသိပ်ထွေထွေထူးထူး မလုပ်ခဲ့ပါဘူး။ ဒါပင်မဲ့အထင်မှတ်စရာကောင်းလှအောင်ပြောင်းလဲပြီးပိန်သွားတဲ့သူမကို လူတိုင်းကအံ့သြနေခဲ့ကြပါတယ်။သူမပြောပြချက်အရ ဘာအားကစားမှသေချာလုပ်ခဲ့ခြင်းမရှိသလို ၀ိတ်ကျအောင်ဆေးတွေဘာတွေလည်း မသောက်ခဲ့ဘူးလို့သိရပါတယ်။ ဒါပင်မဲ့ သေချာတာတစ်ခုကတော့ရေကို များများသောက်ဖြစ်တာပါပဲ လို့ပြောခဲ့ပါတယ်။ ရေကို ဗိုက်ဆာတာနဲ့သောက်တတ်ပြီး တစ်နေ့ကို ရေ ၂.၄ လီတာလောက်သောက်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုရေများများသောက်တာကြောင့် ခန္ဓာကိုယ်ဟာ ပင်ပမ်းခံစရာမလိုပဲသိသိသာသာဝိတ်ကျသွားတာဖြစ်တယ်လို့သိရပါတယ်။ သူမရဲ့Facebookစာမျက်နှာမှာ ရေသောက်ရမဲ့ပုံစံကို အခုလိုစနစ်တကျပြောပြခဲ့ပါတယ်...
-ရေကို နေ့လည်စားမစားခင် မှာဖန်ခွက်တစ်ခွက်အပြည့်နှစ်ခွက်သောက်ပါ...
-ဗိုက်ဆာတိုင်း ဆယ်မိနစ်ခြားတစ်ခါရေကိုသောက်ပေးပါ...
-ရေသောက်တဲ့အချိန်ဟာအစာစားပြီးတင်းနေတဲ့အချိန်မျိုးကိုမသောက်ပါနဲ့...
-ပိုပြီးအဆီကျချင်ရင် ဂျင်းနဲ့ သံပုရာသီးကိုပါထည့်ပြီးရေသောက်ပေးပါ(ဒါဟာ တစ်ခါတလေပဲကောင်းပါတယ် ကြာကြာလုပ်ရင် အစာအိမ်အတွက်မကောင်းပါဘူး) စသည်ဖြင့်သူသောက်ခဲ့တဲ့ပုံစံနည်းလမ်းကို ဝေမျှခဲ့ပါတယ်။ တစ်ခြား Dietနည်းတွေတွေ့ဖူးပြီးလုပ်ကြည့်ပင်မဲ့ဒီလိုအဆင်ပြေခဲ့တာ သူ့အတွက် ပထမဦးဆုံးပါလို့ကြည်နူးစွာပြောကြားဝေမျှခဲ့ပါတယ်...
Facebook Conversations