အထူးသဖြင့်မိန်းကလေးများမှာသားဒီလိုအကြောပြတ်တာမျိုး အများဆုံးတွေ့ဖူးတာပါ။ ပိုဆိုးတာကတော့ကိုယ်ဝန်ဆောင်မိခင်တွေ သားဖွားပြီးအမျိုးသမီးတွေ အ၀လွန်တဲ့သူတွေ မှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဒီလိုလူတွေထဲမဟုတ်လည်း အကြောပြတ်တတ်ကြတဲ့သူတွေရှိပါတယ်။ဆိုတော့မုန်းစရာအကြောပြတ်အ

1. ရေသန့်များများသောက်ပါ

ရေသန့်များများသောက်ပါ

 ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်အတွင်းပိုင်းပဲကျန်းမာစေတာမဟုတ်ပဲ ခန္ဓာကိုယ်အပြင်ပိုင်းအရေပြားကျန်းမာရေးကိုပါအထောက်ကူပြုစေတယ်ဆိုတာ မမေ့ပါနဲ့။ ရေဓာတ်များများရှိတဲ့အသားရည်ဟာ အစက်အပြောက်ကင်းစင်စေပြီး အခုလို အသားရေခြောက်ကပ်ခြင်းနဲ့ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အသားပတ်ခြင်း အကြောပြတ်ခြင်းတွေကိုထိရောက်စွာသက်သာစေပါတယ်။

2. ရှားစောင်းလက်ပတ်လိမ်းပေးပါ

 ရှားစောင်းလက်ပတ်လိမ်းပေးပါ

 ဘယ်လို အနာတွေ အရာတွေ မျိုးမဆိုအရေပြားပေါ်မှာရှိတဲ့ မလိုအပ်တဲ့ ရောဂါတွေရဲ့ငယ်နိုင်တစ်ခုကတော့ရှားစောင်းလက်ပတ်ပါပဲ။သူ့မှာပါတဲ့Anti-oxidants ဟာ အရေပြားပေါ်မှာရှိတဲ့ Cells တွေ Tissue တွေကိုအသစ်ပြန်လည်ပေါက်ဖွားပေးတတ်တာကြောင့် ရှားစောင်းလက်ပတ်ကိုအကြောပြတ်တဲ့ နေရပေါ်ကို လိမ်းလိမ်းပေးခြင်းဖြင့် အကြာခင် အကြောပြတ်အရာတွေ သိသာစွာသက်သာစေမှာပါ။

3. အုန်းဆီလိမ်းပေးပါ

အုန်းဆီလိမ်းပေးပါ

အုန်းဆီဟာ အကြောပြတ်ခြင်းရောဂါအတွက် အကောင်းဆုံးဆေးတစ်မျိုးပါပဲ။ အုန်းဆီမှာပါဝင်တဲ့  Lauric Acid ကပျက်စီးနေတဲ့အသားရည်တွေကိုထိန်းသိမ်းပေးနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ အကြောပြတ်နေတဲ့နေရာကိုအုန်းဆီပုံမှန်လိမ်းပေးခြင်းဟာလည်း အကြောပြတ်ခြင်းကိုလျင်မြန်စွာသက်သာစေတဲ့နည်းတစ်နည်းပါပဲ။

4. ကြက်ဥအကာနဲ့Treatment ကိုတစ်လနှစ်ကြိမ်လောက်လုပ်ပါ

 ကြက်ဥအကာနဲ့Treatment ကိုတစ်လနှစ်ကြိမ်လောက်လုပ်ပါ

ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ကြက်ဥရဲ့အကာကို အကြောပြတ်တဲ့နေရာသို့တစ်လနှစ်ကြိမ်လောက်လိမ်းပေးသင့်ပါတယ်။ တစ်လနှစ်ခါလောက်လိမ်းပေးတာလေးလောက်နဲ့တောင် အသားရေကိုပျော့ပြောင်းစေပြီး အမာရွတ်တွေကင်းဝေးစေပါတယ်။

5. သကြားနဲ့Treatment လုပ်ပါ

သကြားနဲ့Treatment လုပ်ပါ

သကြားကို အရေပြားပေါ်ကိုပွတ်တိုက်လိမ်းပေးခြင်းဟာ အရေပြားပေါ်ကသေဆုံးနေတဲ့ Cell အဟောင်းတွေကိုကွာကျစေပါတယ်။ Cell အသစ်တွေကို ပြန်လည်ရှင်သန်စေတာကြောင့်သူ့နဲ့Treatment လုပ်ရင်လည်း အကြောပြတ်ခြင်းကိုသက်သာစေပါတယ်။

                 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations