မိန်းကလေးတိုင်းဟာသူတို့ရဲ့မျက်နှာအသားရည်ကိုဝင်းဝါစိုပြေချင်ကြတဲ့သူတွေကြီးပါပဲ။ ဆိုတော့ဘယ်လိုသဘာဝနည်းလမ်းလေးတွေနဲ့ မျက်နှာအသားရည်ကိုအချိန်တိုင်းကောင်းမွန်နေအောင်ထိန်းသိမ်းနိုင်သလဲဆိုရင်...

1. ငှက်ပျောသီးခွံ

ငှက်ပျောသီးခွံ

 ငှက်ပျောသီးရဲ့အခွံဟာ အစက်အပြောက်တွေကိုကင်းဝေးစေပါတယ်။ မျက်နှာအသားရေပေါ်မှာရှိတဲ့အဆီဖုတွေကိုဖယ်ရှားပေးနိုင်တဲ့အစွမ်းအာနိသင်လည်းရှိတာကြောင့် ၀က်ခြံတွေ အပေါက်များတဲ့သူတွေအတွက်မျက်နှာပေါ်ပွတ်လိမ်းဖို့သင့်တော်တဲ့အရာတစ်ခုပါ။

2. ပျားရည်

ပျားရည်

 ပျားရည်စစ်စစ်ကို မျက်နှာပေါ်မှာပေါင်တင်သလိုအပြည့်သုတ်လိမ်းပေးပြီး မိနစ်သုံးဆယ်လောက်ကြာကြာပေါင်းတင်ပေးတတ်တဲ့အလေ့အကျင့်ကိုလုပ်ပါ။ ပျားရည်ကိုသုတ်လိမ်းပြီးပေါင်းတင်ပေးခြင်းဟာ မျက်နှာအသားရည်ကိုကြမ်းတမ်းခြင်းမှကာကွယ်ပေးပြီး ချောမွေ့တဲ့အထိအတွေ့ကိုခံစားရနိုင်တယ်ဆိုတာမမှားပါဘူး။

3. မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ

 မုန့်ဖုတ်တဲ့နေရာမှာအသုံးပြုတဲ့မုန့်ဖုတ်ဆိုဒါကို ပျားရည်နဲ့ရောပြီးအရည်ပျစ်ပျစ်လေးဖျော်ကာ မျက်နှာကိုလိမ်းပေးခြင်းဟာလည်း သဘာနည်းနဲ့ပေါင်းတင်နည်းတစ်ခုပါပဲ။ မုန့်ဖုတ်ဆိုဒါကို မျက်နှာတင်မကပဲ ခန္ဓာကိုယ်ရဲ့မဲနေတဲ့နေရာတွေ ကိုလိမ်းပေးရင်လည်းမြန်မြန်ဖြူစင်စေပါတယ်။

4. သခွားသီး

သခွားသီး

သခွားသီး မျက်နှာကပ်တာကတော့လူတိုင်းလိုလိုလုပ်ဖူးကြမှာပါ။ သခွားသီးကပ်ပေးခြင်းကြောင့်မျက်နှာအသားရည်ကို အေးမြကြည်လင်စေပြီး မျက်နှာဖောခြင်းရောင်ခြင်းကင်းဝေးစေပါတယ်။မျက်နှာပြင်ကိုသာမကပဲမျက်လုံးလေးကိုပါကပ်ပေးရင်းနဲ့မျက်လုံးမှာရှိတဲ့အပူတွေကိုစုပ်ယူစေနိင်တာကြောင့် မျက်လုံးလည်းအေးစေပါတယ်။

5. ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်

 ရှားစောင်းလက်ပတ်ရဲ့အနှစ်ကို မျက်နှာ တစ်ပြင်ပွတ်တိုက်လိမ်းပေးခြင်းဟာ မျက်နှာပေါ်မှာရှိတဲ့ကျယ်နေတဲ့ချွေးပေါက်တွေကိုသက်သာစေတဲ့အပြင်ဆဲလ်အသစ်တွေကိုပါ ပြန်လည်ရှင်သန်လာအောင်ပြုလုပ်ပေးနိုင်တာကြောင့် ရှားစောင်းလက်ပတ်နဲ့လည်းTreatment လုပ်ပေးသင့်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations