တန်ရင်ဆေးလွန်ရင်တော့ဘေးပေါ့လေ၊ ကော်ဖီသောက်ရင်းကျန်းမာခြင်းကောင်းကျိုးတွေရရှိစေနိုင်တယ်ဆိုလို့တရားလွန်သောက်မိရင်လည်း ဘေးဖြစ်စေမှာကအမှန်ပါပဲ။ ဆိုတော့ ပုံမှန်ကော်ဖီ တစ်နေ့တစ်ခါလောက်သောက်တတ်တဲ့သူတွေရရှိနိုင်မဲ့ကောင်းကျိုးသုခဆိုတာ...

1. အသည်းရောဂါကိုလျော့ချနိုင်

အသည်းရောဂါကိုလျော့ချနိုင်

အီတလီနိုင်ငံ  Mario Negri Institute ကသိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ ကော်ဖီသောက်ခြင်းကြောင့် အသည်းမှာ အနာဖြစ်ခြင်းနဲ့အသည်းရောင်ခြင်းစတဲ့ အသည်းရောဂါတွေကို လျော့ချစေနိုင်ပါတယ်။

2. အသက်ကြီးလို့မှတ်ညဏ်ပျောက်ဆုံးခြင်းကို ကာကွယ်နိုင်

အသက်ကြီးလို့မှတ်ညဏ်ပျောက်ဆုံးခြင်းကို ကာကွယ်နိုင်

အသက်ရွယ်ကြီးလာတဲ့အခါတစ်ချို့သောအဖိုးအဖွားတွေဟာ မှတ်ညဏ်တွေချို့ယွင်းတတ်တာမျိုး မေ့လျော့တတ်တာမျိုးဖြစ်တတ်ကြပါတယ်။ ကော်ဖီကို ပုံမှန်သောက်ပေးတတ်တဲ့သူတွေကတော့ဒီရောဂါ ဖြစ်နိုင်ချေနည်းပါးပြီးအသက်ရွယ်ဘယ်လောက်ကြီးကြီး မှတ်ညဏ်ပျော်ဆုံးသွားတာမျိုးမရှိတတ်ကြပါဘူး။

3. အသားရည်နပျိုစေနိုင်

အသားရည်နပျိုစေနိုင်

တစ်ချို့ကအခါးဓာတ်ပါလို့ကော်ဖီသောက်ရင်ရင့်တတ်တယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ကော်ဖီပုံမှန်သောက်တတ်တဲ့သူတွေဟာ အသားရည်အတွင်းသားကို ကြည်လင်စေပြီး ဆဲလ်အသစ်တွေကိုပိုမိုရှင်သန်စေနိုင်တယ်လို့ ကိုရီးယားနိုင်ငံဆိုးလ်မြို့ရဲ့Ewha Women’s University ကသိပ္ပံပညာရှင်တွေပြောစကားအရသိရပါတယ်။

4. အသက်ရှည်စေနိုင်

အသက်ရှည်စေနိုင်

ကော်ဖီကိုနေ့စဉ်တစ်နေ့တစ်ခွက်သောက်သုံးပေးလေ့ရှိတဲ့သူတွေဟာ ကော်ဖီမသောက်တဲ့သူတွေထက် ပိုပြီးအသက်ရှည်ရှည်နေနိုင်ကြတယ်လို့လေ့လာတွေ့ရှိသူတစ်ချို့ဆီကနေသိရှိရပါတယ်။ 

5. အရိုးဆစ်တွေကျန်းမာစေနိုင်

 အရိုးဆစ်တွေကျန်းမာစေနိုင်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations