အလှကြိုက်မှရယ်အလှပရေးရာနဲ့ပတ်သတ်ပြီးသိရမယ်မဟုတ်ပါဘူး။ ကျန်းမာသင့်ရှင်းဖို့နဲ့တစ်ကိုယ်ရည်သန့်ရှင်းစင်ကြယ်မှုကို တန်ဖိုးထားမြတ်နိုးတဲ့မိန်းကလေးတိုင်းသိသင့်တဲ့ ဒီလိုအရာတွေကတော့...

1. စတော်ဘယ်ရီသီးနဲ့ပေါင်ခြံက ပွန်းရှခြင်း ချွေးကြောင့်လှောင်ခြင်းတွေကိုသက်သာစေပါတယ်

စတော်ဘယ်ရီသီးနဲ့ပေါင်ခြံက ပွန်းရှခြင်း ချွေးကြောင့်လှောင်ခြင်းတွေကိုသက်သာစေပါတယ်

ရှင်းရှင်းနဲ့မြင်သာအောင်ပြောရရင်တော့ ပေါင်ပွန်းတာမျိုးပါ။ လမ်းလျှောက်များလို့ပဲဖြစ်ဖြစ် ခန္ဓာကိုယ်အလေးချိန်တက်လာလို့ပဲဖြစ်ဖြစ် ပေါင်းနှစ်ခုပွတ်တိုက်မိတဲ့အခါ ကြာလာတော့ပွန်းရှတာမျိုးတွေဖြစ်တတ်ပါတယ်။ ပေါင်ပွန်းခြင်းရဲ့နာကျင်မှုဟာ ပြောမပြတတ်လောက်အောင်နာတယ် စပ်တယ်ဆိုတာခံဖူးတဲ့သူတွေအသိပါ။ ဒီလိုအချိန်မှာလုပ်သင့်တာက စတော်ဘယ်ရီသီးလေးတွေကို ဖြဲပြီးအနှစ်လိုဖြစ်လာအောင်လုပ်ပြီး ပေါင်ခြံကိုပွက်လိမ်းပေးသင့်ပါတယ်။ဒါဟာ ပေါင်ပွန်းခြင်းကိုအထိရောက်ဆုံးသက်သာစေတဲ့နည်းတစ်ခုပါပဲ။

2. လီမွန်သီးနဲ့ မုန့်ဖုတ်ဆိုဒါကို ကိုသုံးပြီးလက်သည်းအခွံပေါ်လိမ်းပေးပါ

လီမွန်သီးနဲ့ မုန့်ဖုတ်ဆိုဒါကို ကိုသုံးပြီးလက်သည်းအခွံပေါ်လိမ်းပေးပါ

 လီမွန်သီးကိုအရည်ညှစ်ပြီး မုန့်ဖုတ်ဆိုဒါနဲ့ရောပါ။ ထွက်လာတဲ့အရည်ပျစ်ပျစ်လေးကို လက်သည်းခွံပေါ်လိမ်းပေးခြင်းဖြင့် မပျက်သေးတဲ့လက်သည်းနီတွေကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့်ဖြစ်တဲ့ လက်သည်းပေါ်က အညစ်အကြေး အဆင်းအဖုတွေကိုယူပစ်သလိုသက်သာစေပြီးလက်သည်းခွံလေးတွေဖွေးနုသွားစေပါတယ်။

3. မီးသွေးမှုန့်နဲ့သွားဝါ၀ါတွေသွားချေးတွေကိုဖယ်ထုတ်လို့ရပါတယ်

မီးသွေးမှုန့်နဲ့သွားဝါ၀ါတွေသွားချေးတွေကိုဖယ်ထုတ်လို့ရပါတယ်

မီးသွေးမှုန့်ဟာသွားတွေကို ဖြူဖွေးတောက်ပြောင်စေတဲ့နေရာမှာနံပါတ်တစ်ပါပဲ။ သွားဝါတာမျိုးတွေ၊ သွားချေးထွက်တာမျိုးတွေဟာ ကြည့်ရဆိုးတဲ့အပြင်ခံတွင်းကျန်းမာရေးကိုပါထိခိုက်စေပါတယ်။ဒါကြောင့်မီးသွေးမှုန့်နဲ့တစ်ပတ်တစ်ခါလောက်တိုက်ပေးခြင်းဖြင့်ဖြူစင်တဲ့သွားလေးတွေကိုပိုင်ဆိုင်အောင်ကြိုးစားသင့်ပါတယ်။

4. Aspirin နဲ့ခြေဖ၀ါးကအသားမာတွေကိုသက်သာစေပါတယ်

 Aspirin နဲ့ခြေဖ၀ါးကအသားမာတွေကိုသက်သာစေပါတယ်

 Aspirin ဆိုတာအကိုက်ခဲပျောက်အောင်သောက်တဲ့ဆေးတစ်မျိုးပါ။ ဒီဆေးပြားလေးလေးပြားလောက်ကိုအမှုန့်ကြိတ်ပြီး ရေနဲ့ရောကာ အသားမာတက်နေတဲ့နေရာတွေကိုပွတ်လိမ်းပေးခြင်းဖြင့် အသားမာတွေကို အချိန်တိုအတွင်းသက်သာစေပါတယ်။

5. အားလူးနဲ့အကြောပြတ်တာတွေကို သက်သာစေနိုင်

အားလူးနဲ့အကြောပြတ်တာတွေကို သက်သာစေနိုင်

 အာလူးလေးတွေကို ပါးပါးလေးအကွင်းလိုက်လှီးပြီး အကြောပြတ်တဲ့နေရာတွေကိုကပ်ပေးခြင်းဟာ အကြောပြတ်အရာတွေကို အလျင်မြန်ဆုံးသက်သာစေတဲ့ကုထုံးတစ်ခုပါပဲ။ တစ်ကြိမ်တစ်ခါနဲ့တော့မသိသာပင်မဲ့နေ့စဉ် လုပ်ပေးပြီး နှစ်ပတ်လောက်အကြာမှာတော့သိသိသာသာကိုပျောက်ကင်းစေမှာအမှန်ပါပဲ။ အာလူးသုံးပြီးမိန်းကလေးတိုင်းမုန်းတီးတဲ့အကြောပြတ်ရာတွေကိုဖယ်ရှားလိုက်ရအောင်...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations