စိတ်မကောင်းစရာပါပဲကလေးရယ်

 ဖြစ်စဉ်ကတော့ဒီလိုပါ...အရက်မူးလွန်ရင်းကားမောင်းနေတဲ့အဖေဖြစ်သူနဲ့တူတူရှိနေတဲ့ ၇နှစ်အရွယ်ကလေးမလေးဟာ သူ့ဖခင်ရဲ့ ယိုင်တိယိုင်တိုင်နဲ့ စိတ်မချရတဲ့မောင်းနှင်မှုကို သတိထားမိသွားပါတယ်။ ဒီလို မူးပြီးထိန်းချုပ်နိုင်စွမ်းမရှိပဲမောင်းနှင်ရင်း လမ်းတစ်ဖက်ဘေးမှာရပ်နေတဲ့ကားတွေကိုပါဝင်တိုက် ခဲ့ပါတယ်။ ဒီလိုဖခင်ရဲ့ အသက်အန္တရာယ်ရှိလှတဲ့အခြေနေကိုစိုးရိမ်ပူပန်လွန်းကြီးသွားတဲ့ကလေးမလေးဟာ ကားပေါ်ကနေမှန်ကိုထုပြီး အကူညီတောင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူ့ဖခင်ရဲ့အသက်ကိုကယ်ဖို့ကိုယ်တိုင်အောက်ဆင်းပြီးအကူညီတောင်းခံဖို့လမ်းမပေါ် ထွက်ပြေးသွားချိန်မှာပဲ ကားတစ်စီးတိုက်တာခံလိုက်ရပြီးသေဆုံးသွားခဲ့ပါတယ်။ သူမတို့အခင်းဖြစ်ပွားရာနေရာကို ရဲတွေရောက်ရှိလာချိန်မှာတော့ ဖခင်ဖြစ်သူသေဆုံးပြီထင်လို့ကယ်တင်ဖို့911 ကိုစာပို့ထားတာကို ရဲဌာနက၀န်ထမ်းတစ်ချို့ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ နောက်ဆုံးအချိန်ထိဖခင်ကြီးအသက်ကိုကယ်တင်ဖို့ကြိုးစားခဲ့တဲ့ ကလေးမလေးဟာ နောက်ဆုံးတော့ကံမကောင်းစွာနဲ့ ဒီလိုအဆုံးသတ်သွားပါတော့တယ်။ သူမဖခင်နဲ့သူမရဲ့မိခင်တို့ကတော့ဒီကလေးမလေးအတွက် ဂုဏ်လည်းဂုဏ်ယူသလိုရင်ကျိုးမရလည်း ၀မ်းနည်း နေရှာပါတော့တယ်။ မိဘကိုကယ်တင်ဖို့ညဏ်မှီသလောက်လေးကြိုးစားရင်း အနိစ္စရောက်ခဲ့ရတဲ့ကလေးမလေး (၇)နှစ်သမီးလေး အတွက် စိတ်မကောင်းလည်းဖြစ်သလို ဂုဏ်ယူလေးစားမိတာလည်းအမှန်ပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations