ဒါမျိုးလေးတွေကသင်တို့ရဲ့အချစ်ရေးမှာတကယ်ကိုလိုအပ်တာလေးတွေပါ...

1. သူ့မိသားစုနဲ့သူ့ရဲ့ဆက်ဆံရေးကို မေးပါ

သူ့မိသားစုနဲ့သူ့ရဲ့ဆက်ဆံရေးကို မေးပါ

သူ့ရဲ့မိသားစုအသိုင်းဝိုင်းနဲ့သူ့ရဲ့ဆက်ဆံရေးကို သေချာသိအောင်မေးထားပါ။ မတော်လို့ကိုယ်ကသူ့မိသားစုအသိုင်းဝိုင်းနဲ့ဆုံတဲ့အခါ သူတို့ဆက်ဆံရေးကို မသိပဲအပြောဆိုမတတ်တာမျိုးဖြစ်သွားခဲ့ရင်မကောင်းပါဘူး။ ဒါကြောင့်သေချာမေးထားပြီးသူနဲ့သူ့မိသားစုဆက်ဆံရေးကိုသိပါစေ။

2. ကိုယ်နဲ့ဘာအကြောင်းအရာမျိုးတွေဆွေနွေးပြောဆိုဖို့သူခက်ခဲတတ်သလဲမေးပါ

ကိုယ်နဲ့ဘာအကြောင်းအရာမျိုးတွေဆွေနွေးပြောဆိုဖို့သူခက်ခဲတတ်သလဲမေးပါ

ကိုယ်နဲ့သူဘာအကြောင်းအရာမျိုးတွေပြောဆိုဖို့ကိုသူဝန်လေးတတ်လည်းဆိုတာ မျိုးကိုသိအောင်လုပ်ထားပါ။ ပွင့်ပွင့်လင်းလင်းမေးထားပါ။ ဒီလိုအရာမျိုးတွေကိုမသိထားဘူးဆိုရင်နောက်ပိုင်းပိုပြီးအဆင်မပြေဖြစ်လာနိုင်ပါတယ်။

3. ကိုယ်နဲ့ပတ်သတ်ပြီးသူ့စိတ်ထဲဘယ်အရာတွေကိုဂုဏ်ယူလဲဆိုတာမေးပါ

ကိုယ်နဲ့ပတ်သတ်ပြီးသူ့စိတ်ထဲဘယ်အရာတွေကိုဂုဏ်ယူလဲဆိုတာမေးပါ

   ကိုယ်နဲ့ပတ်သတ်ပြီးသူ့စိတ်ထဲကဘယ်အရာတွေကိုသဘောကျလဲဆိုတာမျိုးကိုမေးထားပါ။ ကိုယ်နဲ့ပတ်သတ်ပြီးသူကြိုက်တဲ့အရာတွေကို ကိုယ်တိုင်သိထားရင်ဆက်ဆံရေးပိုပြီး ပြေလည်အေးချမ်းစေမှာ အမှန်ပါပဲ။

သင်နဲ့ပတ်သတ်ပြီးဘာအကြောင်းအရာကြောင့်သင်နောက်ဆုံးငိုခဲ့ရလည်းဆိုတာမျိုးပါ၊ သင့်ကိုတကယ်ချစ်တဲ့သူဆိုသူ့ကြောင့်သင်နာကျင်ခဲ့ရတဲ့အချိန်ကိုမှတ်မိနေမှာပါ။

5. သူ့ရဲ့ကိုယ်တိုင်ပြောင်းလဲပစ်ချင်တဲ့အရာကဘာလဲဆိုတာ မေးပါ

သူ့ရဲ့ကိုယ်တိုင်ပြောင်းလဲပစ်ချင်တဲ့အရာကဘာလဲဆိုတာ မေးပါ

  သူကိုယ်တိုင်ပြောင်းလဲပစ်ချင်စိတ်ပြင်းထန်နေတဲ့အရာတွေကဘာတွေလဲမေးထားပါ။ ဒီလိုအရာတွေကသူ့ဘ၀အတွက်အရေးကြီးတဲ့စိတ်ခံစားချက်တစ်စိတ်တစ်ပိုင်းဖြစ်လို့ ဒီလိုအရာတွေကိုသိအောင်လုပ်ထားပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations