သိပ်ကြောက်ဖို့ကောင်းတဲ့လူသတ်လက်နက်ဂိမ်းမျိုးပါပဲ

ဂျပန်နိုင်ငံက ဂိမ်းတစ်ခုဖြစ်တဲ့ Momo ဆိုတဲ့ ဂိမ်းဟာ သိပ်ကို ကြောက်စရာကောင်းတဲ့လူသတ်လက်နက်ဂိမ်းတစ်ခုဖြစ်နေခဲ့တာမလို့ သက်ဆိုင်ရာကတားမြစ်ခြင်းကိုခံထားရတဲ့ဂိမ်းမျိုးပါ။ Whats App Game မျိုးဖြစ်ပြီး ပုံကြီးကိုကထိပ်လန့်စရာကြီးနဲ့စခဲ့တာပါပဲ။ ဂိမ်းတို့ရဲ့ပုံစံအတိုင်း Challenge တွေဘာတွေနဲ့ဖြစ်ပင်မဲ့တစ်ခြားဂိမ်းတွေနဲ့မတူတာကတော့ လူတစ်ယောက်ရဲ့အတွင်းစိတ်ကိုပါခြိမ်းခြောက်ပြီးခြောက်လန့်စေတဲ့ဂိမ်းမျိုးပါ။ ဂိမ်းထဲကအတိုင်းလုပ်ရမယ် မလုပ်ရင်ဘာဖြစ်မယ်ဆိုတာမျိုးတွေ၊ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်ရမဲ့ Challenge မျိုးတွေ၊ ဒီထက်ဆိုးတာက Link တွေနဲ့ချိတ်ထားပြီး ဒီLink ကိုဝင်လိုက်ပါ ဘာညာနဲ့User တွေက၀င်လည်းဝင်လိုက်ရော User တွေရဲ့ Private Information တွေကို Hack လိုက်တာမျိုး တွေအထိပါပဲ။ သူတို့ဂိမ်းထဲကပြောတဲ့ စိန်ခေါ်မှုတွေကို မလုပ်ရင် User တွေရဲ့ Information တွေကို ဖြန့်ပစ်မယ်ဘာညာနဲ့ဆော့တဲ့လူတစ်ယောက်ရဲ့အတွင်းစိတ်ကို ကိုင်လှုပ်ခြိမ်းခြောက်တဲ့ ဂိမ်းတစ်မျိုးပါ။ တစ်ကယ်လုပ်တာမလုပ်တာ အပထား ဂိမ်းထဲကနေဆော့ရင်းတကယ်စိတ်ပါသွားသူတွေအဖို့ကတော့ တကယ်ကို ထိပ်လန့်တုန်လှုပ်သွားစေကြမှာပါပဲ။ အစကတော့သိပ်ပြီးမဆိုးဝါးသေးပင်မဲ့ အသက်၁၂ နှစ်အရွယ်ကလေးမလေးဟာ အဲ့ဂိမ်းကို ကစားပြီးသူတို့မိဘတွေနဲ့အတူနေတဲ့အိမ်ရဲ့ခြံဝင်းထဲမှာပဲ ကိုယ့်ကိုယ်ကိုယ်ဆွဲကြိုးချပြီးသေသွားခဲ့တာကြောင့်ပိုလို အုတ်အုတ်သောင်းနင်းဖြစ်သွားခဲ့ပါတယ်။ အဲ့လိုဖြစ်စဉ်မျိုးဖြစ်ပြီးတဲ့နောက်ပိုင်းမှာအခုလိုပဲ အစိုးရသက်ဆိုင်ရာ ဌာနတွေကဒီဂိမ်းကို ဆော့ဖို့တားမြစ်သတိပေးခဲ့ပါတော့တယ်။ဒီဂိမ်းဟာ ဂျပန်ရှေးဟောင်းပုံပြင်တစ်ခုကို အခြေခံထားတယ်လို့လည်းသိရပါတယ်။ ဒီပုံပြင်ကြီးရဲ့အကြမ်းပြင်သဘောတရားကလည်းကလေးအမေမိန်းမတစ်ယောက်ရဲ့ စိတ္တဇဆန်တဲ့ ကြောက်စရာပုံပြင်ကြီးပါပဲ။ ဂိမ်းရဲ့Logo ပုံကြီးကိုကြည့်တာနဲ့တင်ကိုယ်တော့ကြက်သီးတစ်ဖျန်းဖျန်းတောင်ထပါတယ်နော်...နည်းပညာတွေတိုးတတ်လာတဲ့ခေတ်မှာ ကောင်းကျိုးတွေလည်းရှိသလို အခုလိုလူတစ်ဖက်သားရဲ့စိတ်ကို ခြောက်လန့်အောင်ခြိမ်းခြောက်ပြီးလုပ်ထားတဲ့ဂိမ်းမျိုးတွေကြောင့်လည်း နည်းပညာကြီးဟာလူသတ်သမားကြီးအလားပြောင်းလဲသွားခဲ့ပြန်ပါတယ်...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations