ဂျပန်နိုင်ငံရဲ့ခေတ်မှီ Brand အသစ်တစ်ခုပါပဲ...

ဂျပန်နိုင်ငံမှာ Ziploc အမည်ရှိတဲ့ Brand အိတ်ခပ်ဆန်းဆန်းတွေကို အဆန်းတကြယ်ထုတ်လုပ်ခဲ့ပြန်ပါပြီ။ ဂျပန်တွေရဲ့ ၀ါသနာအရ မဆန်းရင်မနေနိုင် မထွင်ရင်မနေနိုင်ကျသူများပီပီအခုထုတ်လုပ်လိုက်ပြန်တဲ့ Ziploc Bags တွေကလည်း အမြင်နဲ့တင်ကို တစ်ခြားအိတ်တွေနဲ့မတူပဲ အတော်ဆန်းနေပါပြီ။ တစ်ခြားအိတ်တွေနဲ့မတူပဲ လုံးဝကို အကြည်ရောင်ပုံစံဖန်တီးထားတာဖြစ်ပြီး ကြည့်လိုက်တာနဲ့ကို ကြည်လင်ထောက်ပနေတဲ့အမြင်မျိုးကိုပေးစွမ်းထားတာပါ။ အိတ်အပြင် ထီး၊ မီးဖိုချောင်သုံး Apron၊ ဦးထုတ် ၊ ကျောပိုးအိတ် နဲ့ တစ်ခြားအိတ်အသေးလးတွေကို ပါထုတ်လုပ်ခဲ့ပါတယ်။ တစ်ခြားBrand တွေနဲ့ကွာတာကတော့ထူးခြားတဲ့ အရောင်နဲ့ကြည်လင်တောက်ပတဲ့ ဒီဇိုင်း၊ နုတယ်ထင်ရပင်မဲ့ အကြမ်းခံ တဲ့ Quality  တွေနဲ့မလို့ လူအများကြား ဆွဲဆောင်မှုရှိနေတဲ့ Brand အသစ်တစ်ခုပါပဲ။တစ်ခြား Brand တွေနဲ့ ရောမှာ မှားမှာ လုံးဝမပူရပဲ ဒီ Brand ကို သုံးထားရင် မတရားကိုသိသာစေတာလည်းအသေချာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations