အရွယ်ရောက်ပြီးသူတိုင်းသိထားသင့်တဲ့ လိင်ပိုင်းဆိုင်ရာဗဟုသုတတွေဆိုလည်းမမှားပါဘူး...

လိင်ဆက်ဆံပြီးချိန်(သို့)တစ်ကိုယ်တော်အာသာဖြေချိန်မှာ ပြီးမြောက်သွားပြီးကျေနပ်အားရမှုရှိသွားဖို့ကိုဆက်ဆံသူတိုင်းလိုချင်ကြပါတယ်။ ဒီလိုစိတ်ကျေနပ်အားရခြင်းနဲ့အတူပြီးမြောက်သွားခြင်းကြောင့် ဒီလိုကောင်းကျိုးသုခတွေလည်းရနိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်...

2. စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်တယ်

ကျေနပ်အားရမှုရှိစွာ ကာမဆန္ဒပြည့်ဝသွားတဲ့အခါ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် စိတ်ဖိစီးမှုကို ပိုလို့လျော့ချနိုင်သွားတာမယုံမရှိပါနဲ့။ 

3. အသားရည်ကိုပိုလို့ ကောင်းလာစေတယ်

အသားရည်ကနဂိုထက်ပိုလို့နုပျိုလာစေပြီး အရေပြားပေါ်ကပျက်စီးမှုတွေဟာ အသစ်တစ်ဖန်ပြန်လည် ကောင်းမွန်လာစေပါတယ်။ Stress Hormones တွေကိုလျော့ချပေးတဲ့အပြင်အသားရည်ကို ပိုလိုစိုပြေလာစေပါတယ်။

4. ခေါင်းကိုက်သက်သာစေတယ်

 ဆန္ဒမပြည့်ဝပဲ အကြောင်းတစ်ခုခုကြောင့်ရပ်တန့်လိုက်ရချိန်မှာ ခေါင်းကိုက်ပြီးကျန်ခဲ့တာမျိုးဖြစ်တတ်တယ်လို့သိရပါတယ်။ ဒါပင်မဲ့ ဆန္ဒပြည့်ဝစွာပြီးဆုံးသွားရင်တော့ ခေါင်းကိုက်ခေါင်းမူးကိစ္စတွေမခံစားရပဲ ခေါင်းကြည်ပေါ့ပါးစေပါတယ်။

5. ကောင်းကောင်းအိပ်ပျော်စေတယ်

 Orgasm ဖြစ်သွားတဲ့အချိန်မှာ ပုံမှန်ထက်ကောင်းကောင်းပိုပြီး အိပ်ပျော်စေပါတယ်။ လန့်နိုးတာဘာညာမရှိပဲ အိပ်ကောင်းခြင်းနဲ့ စိတ်လက်ပေါ့ပါးစွာ အိပ်ပျော်သွားတာမျိုးပါ။

6. ကိုယ်အလေးချိန်ကျစေတယ်

လိင်ဆက်ဆံခြင်းဟာ ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်တာအမှန်ပါပဲ။ လိင်ဆက်ဆံတဲ့အဆင့်မဟုတ်သေးပဲ Kiss ရုံလေးKiss ရင်တောင် ဟော်မုန်းတွေကြောင့် လက်ရှိထက်ပိုပြီး ၀ိတ်အနည်းငယ်ကျစေတာကို ဆေးဖက်ဆိုင်ရာပညာရှင်တွေရဲ့လေ့လာစမ်းသပ်ချက်အရအတိအလင်းတွေ့ရှိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations