အချစ်စစ်တို့မည်သည်...လေးစားတယ်ကွာ

ထိုင်းမော်ဒယ် ခပ်လန်းလန်းလေးနဲ့ Moto taxi မောင်းသမားလေးတို့ရဲ့အံ့သြဖွယ်ရာအချစ်ဇာတ်ကြောင်းဆိုလည်းမမှားပါဘူး။ ထိုင်းနိုင်ငံက ဒီမော်ဒယ်လေးရဲ့ပရိတ်သတ်တွေကတော့သူတို့ချစ်တဲ့မော်ဒယ်လေးကို ဒီလိုRS မျိုးမှာရှိနေတာမတန်ဘူးလို့ထင်တဲ့သူတွေက တစ်ဖွဲ့၊ မော်ဒယ်လေးရဲ့အချစ်ပေါ်ခံယူထားတဲ့စိတ်ဓာတ်ကိုလေးစားတဲ့သူတွေကတစ်ဖွဲ့နဲ့ အမျိုးမျိုးသောထင်ကြေးတွေပေးကာ သူတို့အချစ်ရေးကို အားလုံးကအံ့သြစိတ်ဝင်စားနေကြပါတယ်။ Nutchanart Chaichan လို့ခေါ်တဲ့ ၂၂နှစ်အရွယ်မော်ဒယ်လေးဟာ ၂၅နှစ်အရွယ် Wurrichai Saeng ဆိုသူMoto Taxi Driver လေးနဲ့မေတ္တာသက်ဝင်နေကြပါတယ်။ ခိုးကြောင်းခိုးဝှက်တွဲတာမျိုးမဟုတ်ပဲ ပေါ်တင်ကြီးကို နှစ်ဦးသားဟာRS တစ်ခုကိုလူသိရှင်ကြားတည်ဆောက်ထားကြတာပါ။ မော်ဒယ်မလေးရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးမကောင်းတဲ့ဘက်ကဝေဖန်လာတဲ့အခါ သူမပြောပြခဲ့တာက သူမကိုစိတ်ပူလို့ဝမ်းသာပါတယ်၊ ဒါပင်မဲ့သူမရွေးချယ်ထားတဲ့သူကိုသူမသိပ်ချစ်ပြီးသူရှိနေရင် အလိုလိုကိုပျော်ရွှင်နေရပါတယ်၊ ငွေရေးကြေးရေးမပြည့်စုံတာလောက်နဲ့ယောက်ျားတစ်ယောက်ကိုမချစ်ရဘူးဆိုတဲ့အတွေးမျိုးမရှိပါဘူး၊ လက်ရှိသူမ၀င်ငွေနဲ့သူမချစ်သူDriver ကောင်လေးရဲ့ဝင်ငွေဟာ နှစ်ဆနီးပါးလောက်ကွာဟပင်မဲ့ သူမတို့ရဲ့ချစ်ခြင်းမေတ္တာတွေမှာ ဒါတွေကအရေးမပါဘူးလို့ပြောပြခဲ့ပါတယ်။သူမတို့နှစ်ယောက်ပေါင်းငွေနဲ့စားနိုင်သောက်နိုင်ပြီးပြည့်စုံသလောက်ရှိတဲ့စိတ်ချမ်းသာစရာဘ၀ကိုဖန်တီးနိုင်တာမလို့သူမအတွက်ကတော့ သူ့ချစ်သူနဲ့သာဆိုရင်ပြည့်စုံပါပြီလို့ပြတ်ပြတ်သားသားပြောပြခဲ့ပါတယ်။ တကယ်တော့မိန်းမတစ်ယောက်ရဲ့ဘ၀မှာ တကယ်အလိုအပ်ဆုံးဟာသူတို့အပေါ်မြတ်မြတ်နိုးနိုးနဲ့တစ်သက်လုံးရိုးမြေကျသစ္စာရှိရှိပေါင်းသင်းသွားမဲ့သူမျိုးပါ...အရမ်းချမ်းသာနေပြီး မချစ်တတ်လည်းဘာမှမထူးပါဘူး။ သိပ်ချစ်စရာကောင်းတဲ့မော်ဒယ်လေးကတော့စိတ်နဲ့လူနဲ့လိုက်အောင်ကိုချစ်ဖို့ကောင်းပြီးကိုယ့်ချစ်သူအပေါ်ထားတဲ့စိတ်ဓာတ်ကြီးကတကယ်ကိုမိန်းကလေးတိုင်းလေးစားစရာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations