မတရားတွေဆန်းနေပါပြီနော်

ကြားတာနဲ့တင် ယူတို့အလွန်မင်းတွေအံ့သြကုန်မှာ ကိုယ်သိနေတယ်...ကိုယ်တောင်ဖတ်ဖတ်ချင်းအံ့သြသွားတယ်ရော...ဘယ်လိုများဖန်တီးတီထွင်နိုင်မှုစွမ်းအားကောင်းချက်တွေလဲပေါ့...တကယ်ကြီးကို တီထွင်ဖန်တီးနိုင်ခဲ့တာပါ။ ဂျပန်နိုင်ငံ က YouTuber တစ်ယောက်ဖြစ်သူ Attoteki Fushinsha no Kiwami ဆိုသူဟာ အတွင်းခံတွေကြီးအသုံးပြုပြီး ချွန်ထက်တဲ့ဓားအဖြစ်ပြောင်းလဲလိုက်တာပါပဲ။ ဓားအဖြစ်အသွင်ပဲပြောင်းလဲသွားတာမျိုးမဟုတ်ပဲ တကယ်ကို အသားစိမ်းငါးစိမ်းတွေနဲ့အသီးရွက်တွေကိုပါဖြတ်တောက်လို့ရတဲ့ဓားမျိုးကို ဖြစ်သွားတော့တာပါပဲ...ဘယ်လိုတွေလက်ဝင်ပြီးစိတ်ရှည်ရှည်နဲ့ဖန်တီးထားတဲ့အတွင်းခံဓားတွေဖြစ်လာရတာလဲဆိုတာကို အောက်ဆုံးကVideoလေးကိုကြည့်ရင် သဘောပေါက်သွားမှာပါ...ကိုယ်ကတော့အတွင်းခံဓားလုပ်ပုံကိုကြည့်ပြီး အင်မတန်ကြွေဆင်းသွားပါပြီနော် :-P လက်မှုပညာရဲ့အစွမ်းကတော့တကယ်ကို အံ့မခန်းပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations