Home-Made Transformer ကြီးကိုတောင်ဘယ်လိုတီထွင်လိုက်ကြသလဲမေး

တရုတ်နိုင်ငံက လူကြီးတစ်ယောက်ဟာ ဘယ်သူမှမျှော်လင့်မထားတဲ့ Home-Made Transformer ကြီးကိုဖန်တီးခဲ့ပါတယ်။ စက်ရုပ်ကြီးသဖွယ်ဖန်တီးထားတဲ့ စက်ရုံထုတ်မဟုတ် အိမ်လုပ် Transformer ကြီးကိုလမ်းပေါ်မှာချ ပြသခဲ့ပါတယ်။ စက်ရုံထုတ်တဲ့ စက်မဟုတ်ပဲ ဒီလောက်အကြီးကြီးကို ကိုယ်တိုင်ထုတ်လုပ်တယ်ဆိုတော့လူတိုင်းကအံ့သြမှင်သက်နေကြတာတော့အမှန်ပါပဲ။ ဒီလိုအချိန်မှာ ကံမကောင်းသွားတာတစ်ခုကတော့ ဒီစက်ကြီးကို ရဲဌာနကလမ်းပေါ်မှာ အနှောက်ယှက်ဖြစ်စေတဲ့စက်ပစ္စည်း ဆိုပြီးစစ်ဆေးအုံးမယ် ဘာညာနဲ့သိမ်းဆွဲသွားတာပါပဲ။ စက်ပိုင်ရှုင်ကြီးလည်းရဲဌာနကို အစစ်ဆေးခံဖို့လိုက်သွားခဲ့ပါတယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ..ဒီစက်ကြီးကိုတကယ်ပဲ လုပ်ငန်းခွင်တွေလိုအပ်တဲ့နေရာတွေအတွက်အသုံးချခွင့်ပေးမလား...သိမ်းပဲသိမ်းခံလိုက်ရမလားဆိုတာတော့ သေချာမသိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလို Transformer ကြီးကို Home-Made တီထွင်နိုင်ခဲ့တာတော့ ရှားမှရှားအံ့မခန်းအရည်ချင်းပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations