မထင်ထားပဲ ရောင်းအားတွေမတရားတတ်လာခဲ့....

Yakult လို့ခေါ်တဲ့ ဂျပန်သောက်စရာ ထုတ်ကုန်လေးဟာ အခုနောက်ပိုင်းမှာအရင်ကထက်ကို အဆပေါင်းများစွာရောင်းအားကောင်းလှပါတယ်။ အခုလိုအရင်ကထက် ပိုပြီးထူးထူးခြားခြားရောင်းအားတက်လာရတဲ့အကြောင်းကတော့ လူအများအကြိုက်တွေ့နေတဲ့ Fancy လူငယ်အချစ်ကားလေ ‘To All The Boys I’ve Loved Before’ ဆိုတဲ့ကားလေးကြောင့်လို့ပြောရပါမယ်။ ‘To All The Boys I’ve Loved Before’ ထဲကဇာတ်ကောင်မင်းသားသောက်ပြတဲ့ ဒီနို့ဘူးလေးဟာ ဒီကားတွေ ထွက်လို့သိပ်မကြာခင်မှာပဲ ဒီကားထဲကမင်းသားသောက်တဲ့ဟာလေးဆိုဆိုပြီးလူဝယ်သောက်များလာခဲ့ပါတယ်။ ဒီထုတ်ကုန်က လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာထဲကထုတ်လုပ်ရောင်းချနေပြီးသားဖြစ်ပင်မဲ့ အဲ့လောက်လူသိမများခဲ့ပဲ အခုမှသာကောက်ခါငင်ကာနဲ့လူသိများလာခဲ့တာဖြစ်ပါတယ်။ ထူးထူးခြားခြားဇာတ်လမ်းတစ်ခုကနေမထင်မှတ်ပဲ ရောင်းအားတက်လာတဲ့ကုန်ပစ္စည်းလေးအတွက်တော့ ထုတ်လုပ်သူတွေကအတိုင်းမသိကြည်နူးနေကြမှာအသေချာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations