မြန်မာအားကစား ကမ္ဘာကို လွှမ်းရမည်ဆိုသလို ....

Internet User တစ်ယောက်ရဲ့ကောင်းမှုအကြောင်းပြုလို့ IG မှာနာမည်ကြီးသွားခဲ့တဲ့ မြန်မာ့ ပိုက်ကျော်ခြင်းလုံး....Instagram User တစ်ယောက်ဟာ သူ့ရဲ့IG မှာ မြန်မာ့ပိုက်ကျော်ခြင်းနဲ့ပတ်သတ်ပြီးသိပ်ကို အံ့သြသဘောကျဖွယ်ရေးသားထားခဲ့ပါတယ်။ ပိုက်ကိုအလယ်မှာထားပြီး ခြင်းလုံးကို ဟိုဘက်ဒီဘက်ကစားရာမှာ ဗိုက်သား ၊ ဦးခေါင်း ၊ ဒူးနဲ့ခြေထောက်ကိုသာ အသုံးပြုပြီးကစားရတဲ့ ပိုက်ကျော်ခြင်းကို နိုင်ငံခြားသားတစ်ဦးကမြင်သွားပြီးလုံးဝကို Amazing တွေဖြစ်ခဲ့ပါတယ်။ တော်တော်ပညာသားပါပြီးထိန်းတတ်မှကစားလို့ရတဲ့ Professional ကစားနည်းမျိုးဖြစ်တယ်လို့ကောက်ချက်ပေးလိုက်ပြီး ခြင်းလုံးကစားနေတဲ့ မြန်မာနိုင်ငံက အမျိုးသားတစ်ချို့ရဲ့ Video ကိုတင်ခဲ့ပါတယ်။ ဒီVideo ကို အမေရိကန်နိုင်ငံသား Radio host/comedian Joe Rogan ကလည်းသူ့ရဲ့ acc မှာရှယ်ခဲ့တာကြောင့် follower များလွန်းတဲ့သူ့accကြောင့်ပိုပြီးပျံ့နှံ့သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့အားကစားနည်းတစ်ခု နိုင်ငံတစ်ကာပျံ့နှံ့သွားခဲ့ပြီးချီးကျူးဂုဏ်ယူခံရတာပီတိအတိုင်းမသိဖြစ်စရာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations