ဘီယာသမားတွေတော့အကြိုက်ပေါ့ကွာ...

ဂျပန်တွေကတော့ထွင်လိုက်ရင်အဆန်းတွေကြီးပါပဲ။ အခုလည်းဂျပန်နိုင်ငံတိုကျိုမြို့ရဲ့ all-you-can-eat စားသောက်ဆိုင်တိုင်းမှာဘီယာထုတ်ပေးတဲ့စက်ရုပ်တွေကိုထားပေးနေပါပြိ။ ဘီယာထုတ်တဲ့စက်ရုပ်ဆိုတော့ဘာလဲပေါ့...တကယ်တော့ ဘီယာကို ဆိုင်မှာဝယ်သောက်မှာသောက်စရာမလိုပဲရောက်တဲ့နေရာကနေ အသင့်ထားထားပေးတဲ့ခွက်လေးဆွဲပြီးခလုတ်လေးနှိပ်လိုက်တာနဲ့အော်တို beer ထည့်ပြီးသားလေးကို သောက်လိုက်ရုံပါပဲ။ ကျသင့်ငွေကတော့ပြီးမှရှင်းရတာပေါ့လေ။ ဒီလိုဘာမှလုပ်စရာမလိုပဲခွက်လေးထည့်ထားပြီးခလုတ်လေးတစ်ချက်နှိပ်ထားရုံနဲ့အသင့်သောက်လို့ရတဲ့ ဘီယာထုတ်စက်ရုပ်လေးကိုတော့ လူတော်တော်များများကကြိုက်နှစ်သက်နေကြတာအသေချာပါပဲ။ ဒီလိုအလွယ်တကူသောက်လို့ရတဲ့စက်ရုပ်လေးကို ထုတ်လုပ်ဖန်တီးပေးလို့ကျေးဇူးတင်သဘောကျတဲ့သူတွေရှိသလိုပဲ တစ်ဖက်မှာလည်း ဘီယာကခွက်အပြည့်မပါပဲ အပေါ်မှာအမြုပ်လေးတွေနဲ့ထည့်ပေးတာဟာသောက်ရနည်းကြောင်း ခွက်ရဲ့သုံးပုံနှစပ်ပုံသာဘီယာပါပြီးကျန်တာကအမြုပ်တွေဖြစ်နေလို့သဘောမကျကြောင်းကိုယ်ကြိုက်သလောက်သောက်လို့မရပဲတစ်ခွက်မှာသူပေးသလောက်ပဲရပြီးထထပြန်ပြီးထည့်ရလို့အားမရကြောင်းတစ်ချို့အပြစ်တင်ဝေဖန်ပြောဆိုကြတာမျိုးလည်းရှိပါတယ်။ ဒါပင်မဲ့လည်းဒီလောက်အဆင်ပြေတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့စက်ရုပ်ကိုမြင်တာနဲ့တင်ကျွန်တော်ကတော့ အားရလေးစာမိတာအသေချာပါပဲ။ ဘယ်လိုပဲကောင်းအောင်တီထွင်ထားတဲ့စက်ပစ္စည်းဖြစ်ပါစေအုံးတော့အနည်းနဲ့အများတော့ အကောင်းဆိုးချို့ယွင်းချက်လေးလည်းရှိနိုင်သေးတယ်ဆိုတာကို တစ်ချို့သူတွေသိထားနားလည်သင့်ပါတယ်လေ...ကဲ အောက်က Video လေးကြည့်ရင်း ဘီယာသောက်ချင်စိတ်တွေကို အသက်သွင်းလိုက်ကြစို့ ညီအစ်ကိုတို့ရေ ... :-P

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations