A little လေးတော့အေးမယ်ထင်ရပေမဲ့ ချစ်စရာကောင်းလွန်းလို့သွားကြည့်ချင်ကြမှာအသေချာပါပဲ...

ဂျပန်နိုင်ငံမြောက်ပိုင်းကဒေသတစ်ခုမှာဖွင့်လှစ်ထားပြီဖြစ်တဲ့ ရေခဲဟိုတယ်ဆိုပဲ...ဘယ်လိုတွေတောင်ထွင်လိုက်ပြန်ပြီလဲ အိုဘယ့် ဂျပန်ရယ်...Hoshino Resort Tomamuရဲ့ Ice Village မှာဖွင့်လှစ်ထားတဲ့ ခပ်ဆန်းဆန်း ဟိုတယ်လေးတစ်ခုပါပဲ။ ရေခဲတွေနဲ့ဖန်တီးပြုလုပ်ထားပြီးအတွင်းပိုင်းရော အပြင်ပိုင်းပြင်ဆင်မှုတွေကပါ ရေခဲတွေသုံးပြီးဖန်တီးထားတာဖြစ်ပါတယ်။ January နဲ့ February လတွေမှာဆိုရင် ရေခဲအမှတ် -30 degrees Celsius (-22 degrees Fahrenheit) အထိထားထားပေးတာဖြစ်ပြီး ရေခဲတွေနဲ့ပဲ အခန်းတွေကိုလည်းမျိုးစုံအလှဆင်ထားတော့တာပဲဖြစ်ပါတယ်။ အရမ်းပူတဲ့ရာသီတွေမှာလူလာများကြပြီးတစ်ချို့ဧည့်သည်တွေကလည်း ရေခဲလေးနဲ့ရေစိမ်ချိုးရုံသပ်သပ်လာရောက်ကြတာမျိုးလည်းရှိပါတယ်။ လက်ရှိမှာတော့ ဂျပန်နိုင်ငံကလူအများကြားအရမ်းကို နာမည်ကြီးကျော်ကြားနေတဲ့ နေရာလေးတစ်ခုဆိုလည်းမမှားပါဘူး။ အေးတာကြိုက်တဲ့သူတွေအကြိုက်တွေ့စေမဲ့နေရာမျိုးဖြစ်ပြီး ရေခဲတွေနဲ့ဖန်တီးထားတဲ့ ရေခဲအပြင်ဆင်တွေကိုကြည့်ရတာနဲ့တင် သွားချင်စိတ်တစ်ဖွားဖွားဖြစ်စေမဲ့နေရာမျိုးလေးပါပဲ...ကဲ ဘယ်လိုတွေတောင်မိုက်လဲဆိုတာ အောက်ကပုံတွေမှာဆက်ကြည့်လိုက်ကြပါအုံး...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations