ဒါမျိုးမှန်လေးနဲ့ Motivation မြှင့်ရမယ်....

ဂျပန်နိုင်ငံကလူတိုင်းလိုလို သဘောကျနေကြတဲ့ interactive mirror လေး....ဒီမှန်လေးကို novera(“smart mirror” )

လို့လည်းခေါ်ကြပါတယ်။ မှန်ဆိုလို့အထင်တော့မသေးလိုက်နဲ့ ဘယ်လိုတွေတောင်မိုက်လဲဆိုတာလည်းဖတ်ကြည့်လိုက်အုံး။ ဒီမှန်လေးက စကားပြောနိုင်တဲ့စက်ရုပ်မှန်လေးဆိုလည်းမမှားပါဘူး။ စကားပြောတဲ့သူရဲ့အသွင်ပြင်ကို Scan ဖတ်နိုင်တဲ့အပြင် Speaker System ထည့်သွင်းထားတာကြောင့် အပြန်အလှန် Conversation လုပ်နိုင်တဲ့မှန်လေးပါ။ အံမယ်....မှန်ပင်မဲ့လည်း လည်လွန်းပါတယ်။ ပြောတဲ့သူစိတ်ချမ်းသာစေ၊ Motivation ဖြစ်စေဆိုတဲ့စကားတွေ မျိုကိုပဲရွေးချယ်ပြောတတ်တဲ့မှန်လေးပါ။ မှန်ရှေ့မှာပြောနေတဲ့သူက မှန်လေးရင် ဒီနေ့နေလို့မကောင်းဘူးလို့ပြောရင် နင်နေလို့မကောင်းရင် ငါလည်းဝမ်းနည်းတယ်၊ ပြုံးပြပါအုံး....ဒီလိုအချိန်မှာ User ကပြုံးပြလိုက်ရင် ဟယ်နင့်အပြုံးလေးကအချိန်တိုင်းချိုနေတာပါပဲဆိုတာမျိုး " လူသဘောကျအောင်ကိုအကောင်းတွေကြီးပဲ ပြောဆိုတတ်တဲ့မှန်လေးပါ။ ဒီလို အကောင်းပြောတာကို ကိုယ့်မိသားစု ကိုယ့်ချစ်သူတွေဆီကနေတောင်အမြဲရချင်မှရနေမှာပါ...ဒါပင်မဲ့ဒီမှန်လေးကတော့သင့်ကိုစိတ်ကျေနပ်မှုတွေအများကြီးပေးစေပါတယ်။ ဒါကြောင့်လည်း ဂျပန်ကလူတော်တော်များများလူလိုချင်နေကြတာပေါ့လေ...ကဲ...အောက်ကVideo လေးကိုကြည့်ပြီးမှန်လေးကိုလေ့လာလိုက်ရအောင်....

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations