ဘုရားဘုရား ဒီလောက်အလုံး အကြီးကြီး တစ်ခါမှမတွေ့ဖူးပေါင်...

တရုတ်နိုင်ငံ Wuhan Jingdu Hospital မှာ ဆီးရောဂါကြောင့်လာရောက်ကုသခဲ့သူ အသက်၅၅နှစ်အရွယ်အမျိုးသားမှာ အံ့သြစရာ ကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။ လူနာအမျိုးသားရဲ့ဝမ်းဗိုက်ကို စစ်ဆေး စမ်းသပ်ကြည့်ရာမှာတော့ ကြောက်စရာကောင်းတဲ့ ကျောက်လုံးကြီးတစ်လုံး ကို ဆီးအိတ်မှာ အံ့သြစွာတွေ့ခဲ့ရပါတယ်။ ဆရာဝန်တွေကလည်း ဒီအလုံးကြီးကို မြင်လိုက်ရတဲ့အခါအရမ်းတွေအံ့သြခဲ့ပြီး ချက်ချင်းခွဲစိတ်ဖို့လိုအပ်ကြောင်းလူနာကိုပြောကြားခဲ့ပါတယ်။ ခွဲစိတ်ပြီးထွက်လာတဲ့ကျောက်လုံးကြီးဟာ ပုံမှန်ကျောက်တည်တဲ့အလုံးထက် အဆပေါင်းများစွာ ကြီးနေခဲ့ပါတယ်။အလုံးရဲ့အရွယ်အစားဟာ 13cm (5.1 inch) လောက်ရှိပါတယ်။ အနည်းစပ်ဆုးံမြင်အောင်ပြောပြရရင် တော့ ဖရဲသီးအလုံးသာသာလောက်ရှိပါတယ်။ တကယ်ကို ကြောက်စရာကောင်းတဲ့ကျောက်တည်မှုမျိုး ဘယ်တုန်းကမှမမြင်ဖူးခဲ့တာတော့အမှန်ပါ...တစ်ခါတစ်လေမှာ တစ်ချို့သောရောဂါတွေက ကိုယ်တွေနားမလည်နိုင်လောက်အောင်ဆန်းကြယ်တာတော့အသေချာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations