သူ့စေတနာသူအကျိုးပေးတယ်လို့ပြောရမှာပါပဲ....

Sue ဆိုတဲ့ အမျိုးသမီးကြီး ဟာ အသက်၅၈နှစ်အရွယ်ရှိတဲ့ ကျောင်းအုပ်စရာမကြီးပါ။ သူမဟာ ကျောင်းအုပ် ဆရာမကြီးအလုပ်ကို ထမ်းဆောင်ရင်းနဲ့ အသက်၅၈နှစ်အရွယ်မှာကင်ဆာရောဂါနဲ့ ဒီဇင်ဘာ ၉ရက်နေ့ ၂၀၁၈ မှာသေဆုံးခဲ့ပါတယ်။ သူမဟာကျောင်းအုပ်ဆရာမကြီး ဘ၀နဲ့တာဝန်ထမ်းဆောင်ရာမှာသိပ်ကို တော်လွန်းခဲ့ပြီးကျောင်းသားတွေရဲ့ အချစ်ကို အပြည့်အ၀ရရှိခဲ့သူပါ။ သူမရဲ့သားသမီးတွေပြောကြားချက်အရ သူတို့အမေဟာ သူတို့ကိုပဲဂရုစိုက်တာမဟုတ်ပဲသူနဲ့ပတ်သတ်တဲ့ကျောင်းသားတိုင်းကို စေတနာ အပြည့်နဲ့ချစ်ခင်ဆုံးမခဲ့တယ်လို့လည်းသိရပါတယ်။ နောက်ပြီးသူတို့မိခင်ကြီးဟာကျောင်းသားတွေနဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ် ဆက်ဆံတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ လန်းဆန်းတက်ကြွစွာပဲအမြဲဆက်ဆံလေ့ရှိတယ်လို့လည်းသိရပါတယ်။ သူမရဲ့ချစ်ခြင်းမေတ္တာတွေကြောင့်သူမသေဆုံးချိန်မှာတော့သူမကိုထည့်မဲ့ အခေါင်းဟာ ပုံမှန်နဲ့မတူပဲ ရင်နင့်ဖွယ်ရာကောင်းနေပါတော့တယ်။ အခေါင်းရဲ့အပြင်မှာ ကာတွန်းပုံလိပ်ပြာလေးတွေ ကလေးပန်းချီလေးတွေ ပန်းလေးတွေစသည်ဖြင့် ကလေးတွေကို သူမငယ်စဉ်ကသင်ကြားပေးထားတဲ့ပုံလေးအတိုင်းသူမရဲ့ ကျောင်းသားဟောင်းလေးတွေကစုပြီးဆွဲပေးထားခဲ့ပါတယ်။ သူမရဲ့အခေါင်းတစ်ခုလုံး ကျောင်းသားတွေရဲ့ပန်းချီတွေနဲ့ပြည့်နေပြီးသိပ်ကို ရင်နင့်ဖွယ်ရာမြင်ကွင်းလေးဖြစ်ခဲ့တာပါပဲ။ ဒီလိုဆရာမအပေါ်သေသည်အထိလေးစားချစ်ခင် တွယ်တာတတ်တဲ့ကျောင်သားဟောင်းတွေကိုလည်းလေးစားမိတဲ့အပြင် ဒီလိုကျောင်းသားတွေဆီက ရင်ထဲကလာတဲ့ချစ်ခြင်းမေတ္တာတွေကိုရယူနိုင်ခဲ့တဲ့ဆရာမကြီးကလည်းလေးစားစရာသိပ်ကောင်းလေတော့တာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations