တရုတ်နှစ်သစ်ကူးရာသီရောက်လာလေတော့ ...

တရုတ်နဂါးအကဆိုတာ တရုတ်တွေရဲ့ပျော်စရာကောင်းတဲ့ရိုးရာ အကတစ်ခုပါပဲ။ အခုလို တရုတ်နှစ်ကူး ရာသီရောက်လာပြီဆိုရင် တရုတ်လူမျိုးတွေဟာ သိပ်ပြီးခမ်းနားတင့်တယ်တဲ့တရုတ်နဂါးကြီးတွေဖန်တီးပြီးလိုက်လံ ကပြခဲ့တာ သူ့ရာသီရောက်တိုင်း ကျွန်တော်တို့ မြင်တွေ့နေကြပါ။ ကျွန်တော်တို့ ငယ်ငယ် လေးကတည်းက ရက်ကွက်ထဲမှာ ထည်ထည်ဝါ၀ါ တရုတ်နဂါးကြီးတွေလာကရင် ပြေးကြည့်တိုးကြည့်ရတာ အကြိမ်ကြိမ်ပါပဲ။ အခုတစ်ခါမှာတော့ Malaysia နိုင်ငံက aquarium မှာ တရုတ်နဂါးကို ရေအောက်ပုံစံပြုလုပ်ထားတာဖြစ်ပါတယ်။ Malaysian Lion Dancers တွေရဲ့ ကောင်းမွန်တဲ့ ဖန်တီးတင်ဆက်မှုတွေနဲ့ ဒီလိုတရုတ်နဂါးပုံစံပြုလုပ်ခဲ့တာဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ထဲက ဒီ Malaysian Aquarium မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်....ကဲ ထူးထူးဆန်းဆန်းရေအောက်တရုတ်နဂါးအကကိုမမြင်ဘူးသေးသူတွေ အောက်ကVideo လေးမှာ ကြည့်ရှုခံစားနိုင်ပါတယ်...

အောက်ဆုံးတွင် Video ပါသည်...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations