တကယ်ကို စိတ်စေတနာဖြူစင်သူပါပဲ

ထိုင်းနိုင်ငံ မှာလွန်ခဲ့တဲ့  January 20 က၂၆မီတာ  အပြေးမာရသွန်ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့သူတွေထဲကမှ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးဟာ ခရီးတစ်ဝက်လောက်ပြေးလို့အပြီးမှာတော့ လမ်းခုလတ်မှာ သိပ်ကို ချစ်ဖို့ကောင်းတဲ့ ပါပီလေးတစ်ကောင်ကိုတွေ့ခဲ့ပါတယ်။

ပါပီလေးကို တွေ့ခဲ့တဲ့နေရာမှာ ဘာအိမ် ဘာ အဆောက်အုံမှမရှိ တစ်ခြား ပါပီ လေးတစ်ကောင်မှတောင် မမြင်မိတာကြောင့်ဒီခွေးလေးဟာလမ်းပျောက်ပြီးနေစရာမရှိပါလားဆိုတာ သူမတွေးမိခဲ့ပါတယ်။ ဒါကြောင့်သူမရဲ့ကျန်တဲ့ မိုင် ၂၀လောက်ကို ဒီခွေးလေးကို ကိုင်ပြီး ဆက်လက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

  ပြိုင်ပွဲ ပြီးသည်ထိဒီခွေးလေးကို ကိုင်ပြီးယှဉ်ပြိုင်နိုင်ခဲ့တာဟာ သူမအတွက်တော့ကြီးမားတဲ့ စိတ်လှုပ်ရှားဖွယ်အပြုမူတစ်ခုပါပဲ။ ပြိုင်ပွဲပြီးဆုံးချိန်မှာသူမဟာခွေးလေးအတွက်ပိုင်ရှင်လိုက်ရှာပေးပင်မဲ့ မတွေ့ခဲ့တာကြောင့်နောက်ဆုံးသူမပဲမွေးစားခဲ့ပါတယ်။ သူမအိမ်မှာနဂိုရှိပြီးသားခွေးလေးနှစ်ကောင်အပါအ၀င်အခုဆို ခွေးလေးသုံးကောင်ကိုသူပိုင်ဆိုင်သွားပါပြီ။ ကိုယ်ကျိုးကိုမကြည့်ပဲ သတ္တ၀ါတွေအပေါ်ကြင်နာစိတ်ရှိတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓာတ်က အင်မတန်လေးစကားစရာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations