ချစ်စရာကောင်းတဲ့ ရိုးရာဓ လေ့တွေနဲ့ပြည့်နက်နေတဲ့ထိုင်းနိုင်ငံ ကြီးဟာ သိပ်ကိုချစ်ဖို့ကောင်းတဲ့ ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံ ကောင်းတစ်ခုပါပဲ။ ယဉ်ကျေးမှု တွေက မြန်မာနိုင်ငံနဲ့သိပ်မကွာခြားပဲ ချစ်ဖို့ကောင်းတဲ့ ဓ လေ့ လေး တွေနဲ့ လည်ပတ်လို့ ကောင်းတဲ့နိုင်ငံတစ်ခုပါ။ ထိုင်းနိုင်ငံက ဘုရင်Maha Vajiralongkorn က တော့အသက် ၆၆နှစ်ရှိပြီဖြစ်ပြီးမကြာသေးခင်ကပဲ သူ့ရဲ့ကိုယ်ပိုင်သက်တော်စောင့် အမျိုးသမီးဖြစ်သူ Suthida ကိုလက်ထပ်ထိမ်းမြားခဲ့ပါတယ်။ Suthida ဆိုသူအမျိုးသမီးဟာ
အရင်တုန်းက Thai Airways ရဲ့ လေယာဉ်မယ်တစ်ဦးဖြစ်ပြီး လှပ ကျက်သ ရေရှိတဲ့ အသွင်ကိုပိုင်ဆိုင်ထားသူပါ။ ၂၀၁၄ ကစပြီး ထိုင်းနိုင်ငံရဲ့တော်ဝင် မိသားစုအတွက်သက်တော်စောင့် အလုပ်ကို လုပ်ကိုင်ရင်း ဘုရင့်ရဲ့ ကိုယ်ပိုင် သက်တော်စောင့်လည်းဖြစ်ခဲ့ပါတယ်။ အခုတော့ Queen Suthida ဖြစ်လို့ နေပါပြီ။ ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံ ဘုရင်ကြီးရဲ့ မင်္ဂလာ ပွဲကို ဂုဏ်ပြုပေးလိုက်ရ အောင်...
Facebook Conversations