လမ်းမှာမထင်မှတ်ပဲတွေ့မိရင်တော့ထွက်ပြေးမိမှာ ....

ဂျပန် လူမျိုး တစ်ဦးဖြစ်တဲ့ @44doooo Twitter accပိုင်ရှင် ဟာ သူ့ရဲ့Twitter မှာ ထူးဆန်းတဲ့ဖန်တီးတီထွင်မှုတွေကို ချပြခဲ့ရာမှာ တော့ လူအတော်အများ အံ့သြမှင်သက်ထိတ်

လန့်ခဲ့ကြပါတယ်။ 

ဖြစ်ပုံက ဒီလိုပါ...အားလုံးသိကြတဲ့အတိုင်းတီထွင်ဖန်တီးမှုတွေနဲ့ပြည့်နေတဲ့ ဂျပန်နိုင်ငံကြီးက ထွင်လိုက်လုပ်လိုက်ရင်အဆန်းတွေကြီးပါပဲ။ သူတို့ရဲ့ နည်းပညာ နဲ့ အတွေးခေါ်မြင့်

မားမှုစွမ်းရည်ကိုတော့တကယ်ကိုလေးစားမိတယ်။ အခုတစ်ခါမှာတီထွင်ခဲ့တဲ့ပစ္စည်းဟာ လူရဲ့တကယ့်အသွေးသားတွေနဲ့ဖန်တီးထားရတယ်လို့ ထင်ရတဲ့ လူသားသားရေပိုက်ဆံအိတ်ပါ။

လူသားနဲ့တော်တော်ကို တူအောင်ဖန်တီးထားတာ ကြီးက အံ့လည်းအံ့သြဖို့ကောင်းသလို ကြောက်လည်းကြောက်ဖို့ကောင်းပါတယ်။ မသိပဲရုတ်တရက်မြင်လိုက်တဲ့သူတွေအဖို့ လိပ်ပြာလွှင့်မတက် အော်ပြေး

ရမဲ့ ပစ္စည်းမျိုးပါ။ ပုံမှာပြထားတဲ့ လူပါးစပ်ပုံစံ ပိုက်ဆံအိတ်ဟာ ပါးစပ်ပေါက်ထဲက နေထည့်သွင်းရတာမျိုးဖြစ်ပြီး လက်ရာမြောက်လွန်းတဲ့ဖန်တီးမှုကြီးက ကိုင်မကြည့်ပဲနဲ့ တောင် 

အသည်းယားစရာကောင်းနေတာအမှန်ပါပဲ။ 

စုဘူးပိုက်ဆံအိတ်

စုဘူးပိုက်ဆံအိတ်

ဒီ Acc ပိုင်ရှင် ဖန်တီးခဲ့တာ ဒီပစ္စည်းတစ်ခုတည်းမဟုတ်သေးပါဘူး။ လူသားနဲ့ပြုလုပ်ထားပုံထင်ရတဲ့ i-phone cover တွေ လူလက်ချောင်းပုံစံ တံဆိတ်ခေါင်းတွေကိုပါ သူ့ acc မှာ

ပြသခဲ့ပါတယ်။ အံ့မခန်းဖန်တီးမှုကြီးကို ချီးကျူးကြတဲ့သူတွေလည်းရှိသလို တစ်ချို့ကလည်း အသည်းယားစရာကြီးတွေ၊ ဘာတွေနဲ့လုပ်ထားတာလဲ ၊ လူတွေရဲ့ကြောက်စိတ်ကို နှိုးဆွပေးတဲ့ပစ္စည်းကြီးပါ

စသဖြင့် ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ 

ပါးစပ်ပေါက်ထဲက နေထည့်

ပါးစပ်ပေါက်ထဲက နေထည့်

ဒီပစ္စည်းကိုဖန်တီးသူဟာ သူကိုယ်တိုင်အသုံးပြုဖို့အတွက်ပဲ ဒီပစ္စည်းတွေကိုဖန်တီးခဲ့တာဖြစ်ပြီး တစ်ခြားသူတွေသုံးရအောင်ပြုလုပ်ရောင်းချဖို့အစီစဉ်မရှိပါဘူးလို့ လည်းပြောကြားခဲ့ပါတယ်။

တစ်ချို့သူတွေကတော့ ဒီပစ္စည်းတွေရဲ့အသားကို ကိုင်ကြည့်ချင်ကြကြောင်းသူတို့လည်းဒီဖန်တီးမှုနဲ့ပတ်သတ်ပြီစိတ်ဝင်စားကြောင်း သူ့ Acc အောက်မှာ ရေးသားထားခြင်းတွေရှိခဲ့ပင်မဲ့သူ့အတွက်ကတော့လတ်တလော ရောင်းချဖို့ဆိုတာ တော့စိတ်ကူးလုံးဝမရှိတဲ့ပုံ

ပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations