မိတ်ကပ်လိမ်းတဲ့နေရာမှာ ကျွမ်းကျင်အဆင့်ကြီးလို့ဆိုရမှာပါပဲ...

Itawasa ဆိုတဲ့ ဂျပန် cosplayer မလေးဟာ သူမရဲ့မိတ်ကပ်မပြင်တဲ့တစ်ကယ့်အလှစစ်ကို ပရိတ်သတ်တွေရှေ့ချပြလိုက်ရာမှာတော့ အားလုံးကို Shock ဖြစ်သွားစေခဲ့ပါတယ်။

သူတို့လိုဖျော်ဖြေတင်ဆက်သူ cosplayer တွေကိုချစ်စရာကောင်းလွန်းလို့ဆိုပြီး လူကြီးလူငယ်မရွေးသဘောကျတတ်ကြတာအားလုံးအသိပါ။ ဒါပင်မဲ့ ဒီလိုပြင်ဆင်မှု တွေမရှိတဲ့

အချိန်သူမရဲ့ တစ်ကယ့်မျက်နှာအစစ်ဟာ ဘယ်သူမှမထင်ထားတဲ့အခြေနေတစ်ခုပါပဲ။

မိတ်ကပ်မလိမ်းခင်ကော်ဖီသောက်နေတဲ့ပုံကို သူမမိခင်အားရိုက်ခိုင်းထားပြီး Social media ပေါ်ကို တင်ခဲ့တာဖြစ်ပါတယ်။ သူမကတော့သူမရဲ့ပုံအစစ်ကို အခုလိုတင်လိုက်ရတာကြောင့်

ရှက်တဲ့စိတ်တွေဘာတွေဖြစ်တယ်လို့ခံစားရပုံမပေါ်ပါဘူး။ သူမပရိတ်သတ်တွေကလည်းသူမကို မုန်းမသွားပဲသူမရဲ့မိတ်ကပ်အစွမ်းကို ချီးကျူးပြီး သူမဘယ်လိုတောင်မိတ်ကပ်လိမ်းသလဲဆိုတာပဲစိတ်

ဝင်စားနေကြပါတယ်။ 

သူမတင်ထားပြီးတဲ့ Before and After ကြောင့် Followers တွေပိုများလာပြီး သူမရဲ့မိတ်ကပ်အစွမ်းကို သဘောကြပြီးမိန်းကလေးအများစုက အလှပရေးရာတွေလာမေးကြတာမျိုးအထိသူမ

ပရိတ်သတ်ပိုရလာခဲ့ပါတယ်။ သူမတင်ထားတာကို မြင်ပြီး နောက်ထပ် Cosplayers တွေကလည်းသူတို့ရဲ့ Before and After ပုံတွေကို ချပြလာခဲ့ကြပြီး တစ်ချို့ဆိုရင် ဒီလိုချပြရတာဟာသူတို့အတွက် ယုံကြည်မှုပိုတိုးသည်

အထိဖြစ်လာစေခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations