Handyman Di ဆိုသူတရုတ်အမျိုးသားတစ်ဦးဟာ သိပ်ကိုထူးဆန်းတဲ့ခေါင်းလျှော်စက်ကြီးကို ဖန်တီးခဲ့ပါတယ်။ ခေါင်းလျှော်ဖို့ ပျင်းရိတဲ့သူတွေ၊
ဆိုင်မှာ သွားလျှော်ဖို့ ငွေကုန်ကြေးကျမခံချင်တဲ့သူလိုလူမျိုးတွေအတွက် ဆိုပြီး Hand made ခေါင်းလျှော်စက်ကို အမိုက်စားဖန်တီးပြုလုပ်ခဲ့ပါတယ်။
သူလုပ်ခဲ့တဲ့ပုံစံကတော့ ပက်လက်လှန်ပြီး ခန္ဓာကိုယ်လည်းသက်တောင့်သက်သာနေရမယ်၊ တစ်ခြားလူမလိုပဲနဲ့လည်း ကိုယ့်ဘာသာ ကိုယ်
လျှော်လို့ရတဲ့စက်မျိုးပါ။
အရင်ဆုံးခန္ဓာကိုယ် လှဲပြီးသက်တောင့်သက်သာအနေထားနဲ့နေပါတယ်။ ပြီးနောက်မှာ နှာခေါင်းကိုရေထဲအသက်မရှူနိုင်အောင်ညှပ်နဲ့ညှပ်ထားလိုက်ပါတယ်။ နောက်ဆုံး
မှာတော့ စက်ထဲကို ခေါင်းဝင်သွားပြီး ခေါင်းလျှော်ခြင်းစတင်ပါတော့တယ်။
သူ့စက်မှာ ခေါင်းလျှော်ရည်တို့ ဆပ်ပြာတို့တော့ထည့်မထားပင်မဲ့ ဒါတွေသာပါရင်တော့ တကယ် အိမ်လုပ်ခေါင်းလျှော်စက်တစ်လုံးတီထွင်နိုင်တယ်
လို့ ချီးကျူးရမှာပါပဲ။ အဆန်းအပြားတွေးခေါ်တတ်တဲ့ ဦးနှောက်နဲ့ လိုအပ်တာတွေကို ဘယ်လိုဖန်တီးရမလဲဆိုတဲ့ Ideas ကောင်းကောင်းရှိတဲ့
သူ့ကိုတော့ သူ့ရဲ့Video အောက်မှာ လူတွေက၀ိုင်းချီးကျူးထားကြတာကိုတွေရပါတယ်။
ခေါင်းလျှော်တဲ့နေရာမှာ သူများမလိုပဲကိုယ်တိုင်သက်တောင့်သက်သာလျှော်ချင်တဲ့သူအတွက်တော့ သူ့ရဲ့ ကိုယ်တိုင်လုပ် Homemade စက်ကလေးက
တကယ်ကို အသုံးဝင်တဲ့ စက်ကလေးတစ်ခုဖြစ်လာမှာပါပဲ...
Facebook Conversations