တကယ် ဘုရားစူး ကိုယ်ဆိုလည်းအသီးလို့ပဲထင်မှာပါဆိုနေ...

တောင်တရုတ်နိုင်ငံက တရုတ်လူမျိုး မှုန့်ဖုတ်သူတစ်ဦးဟာ သူများနဲ့မတူ တစ်မူထူးခြားတဲ့ ပေါင်မုန့်တွေကို အဆန်းတကြယ်ဖန်တီးခဲ့ပါတယ်။

အသီးပေါင်မုန့်ဆိုတာမျိုးတွေကို လူတော်တော်များများကြားဖူးကြမှာပါ။ အသီးပေါင်မုန့်ဆိုတာ ကိုယ်တွေအမြင်မှာဆိုရင်ပေါင်မုန့်လေးထဲမှာအသီးလေးတွေ၊ ပေါင်

မုန့် ပေါ်မှာအသီးလေးတွေနဲ့ ပြုလုပ်ထားတာမျိုးပါ။ 

ဒါပင်မဲ့ဒီတစ်ခါမှာတော့ အသီးနဲ့လုပ်ထားတာမဟုတ်ပဲ ပေါင်မုန့်သားကို အသီးပုံစံလေးတွေဖြစ်အောင်လက်ရာမြောက်မြောက်ဖန်တီးထားတဲ့

အသီးပုံစံပေါင်မုန့်လေးတွေပါ။ ဒါမျိုးလေးတွေလုပ်နိင်ဖို့ဆိုတာ အရသာတစ်ခုပဲ ကောင်းအောင်လုပ်ရတာမျိုးမဟုတ်ပဲ Design ပိုင်းမှာလည်း

တကယ်ကို Idea ကောင်းမှလုပ်လို့ရတာမျိုးပါ။

တကယ်ကိုစိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ချစ်စရာကောင်းတဲ့ အသီးပုံစံ ပေါင်မုန့်လေးတွေကို ဖန်တီးနိုင်ခဲ့တာ တကယ်ကို 

အံ့သြစရာပါပဲ။ သူ့ရဲ့ဖန်တီးချက်လေးတွေကို Social Media ပေါ်တင်ခဲ့ရာမှာတော့ သဘောကျ မှင်သက်တဲ့သူတွေများလာခဲ့ပြီး တစ်ခဲနက် အားပေးတဲ့ သူတွေ

များလာခဲ့ပါတယ်။ 

ပေါင်မုန့်လေးတွေက တကယ့်အသီးအစစ်တွေနဲ့ ဘယ်လောက်တောင် တူသလဲ? တကယ့် အသီးအစစ်တွေလို့ထင်ရလောက်အောင် ဘယ်လိုတောင်

ဖန်တီးခဲ့သလဲဆိုတာ ပုံလေးတွေကသက်သေပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations