ကော်ဖီနဲ့ ဂျယ်လီမ တည့်ဘူးဆိုပင်မဲ့ ဒီလိုထွင်လိုက်ပြန်တော့လည်း

Tanuki Coffee လို့အမည်ရတဲ့ ဂျပန်နိုင်ငံကကော်ဖီဆိုင်လေးမှာ နွေရာသီအတွက်ရည်ရွယ်ပြီး Menuအသစ်လေးတစ်ခုကို ဖန်တီးထားတယ်လို့သိရပါတယ။

ဒီစားစရာအသစ်လေးနာမည်က တော့ Coffee Gelatin Soba လို့အမည်ရတဲ့ ခေါက်ဆွဲအေးလေးပါ။ 

ဒီခေါက်ဆွဲအေးလေးမှာ ပါဝင်တဲ့ပစ္စည်းတွေကတော့ ကော်ဖီ၊ ဂျယ်လီ သားရယ်နဲ့ ပြုလုပ်ထားတဲ့ ခေါက်ဆွဲအေးလေးဖြစ်ပါတယ်။ ခေါက်ဆွဲကို ကော်ဖီ နဲ့ဂျယ်လီသားရောစပ်ပြီး

ချက်ပြုတ်ထားခြင်းက ခံတွင်းတွေ့နိုင်စေပါ့မလား? ကော်ဖီနဲ့ဂျယ်လီက မတည့်ဘူးဆိုပင်မဲ့ ဂျယ်လီသား နဲ့ လုပ်တဲ့ ခေါက်ဆွဲနဲ့ တော့ အခုလို ဖန်တီးလို့ရတယ်ဆိုတာ ပြလိုက်သလိုပါပဲ။ တစ်ချို့သော Customer တွေကတော့ ဒီအရသာကို တော်တော်လေးကြိုက်နိုင်ကြမယ်ထင်ရပင်မဲ့ တစ်ချို့ကတော့ ကော်ဖီရဲ့ အရသာကို ခေါက်ဆွဲနဲ့တွဲပြီး

သိပ်မစားတတ်တဲ့သူတွေ အတွက် blueberry ကို အရသာတစ်မျိုးဖန်တီးထာတယ်လို့သိရပါတယ်။ 

ကဲ...ဂျပန်ရဲ့နွေရာသီများ ကိုယ်ကြုံလို့ရောက်သွားခဲ့ရင် ကော်ဖီဂျယ်လီခေါက်ဆွဲအေးလေးကို ၀ယ်စားကြည့်ခဲ့ကြအုံးနော်။ 

လတ်တလောတော့ တစ်ပွဲကို $6 ကျသင့်တယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations